Live
Home
မြန်မာသတင်း
ရွှေတိဂုံ​ဂေါပက၏ တင်​ဒါစည်းမျဉ်းပြောင်းလဲပေး​ရန် ရွှေဆိုင်းလုပ်သားများ ဆန္ဒပြတောင်းဆို
Aung Aung Naing
·
July 10, 2018
ရွှေတိဂုံ​စေတီ​တော်​​ဂေါပကအဖွဲ့ရဲ့ တင်​ဒါစည်းမျဉ်းစည်းကမ်းတွေ ​ပြောင်းလဲပေး​ဖို့ မန္တ​လေး မြန်​မာ့လက်​မှု ရွှေဆိုင်းလုပ်​ငန်း အလုပ်​သမားတွေက ဒီကနေ့ မနက် ဆန္ဒထုတ်​​ဖော်​ခဲ့ကြပါတယ်။ ​ရွှေတိဂုံ​ဂေါပကအဖွဲ့က ထုတ်​ပြန်​ခဲ့တဲ့တင်​ဒါစည်းကမ်းချက်​​တွေ​ကြောင့် ကမ္ဘာက အသိအမှတ်​ပြုခံထားရတဲ့ မြန်​မာ့လက်​မှု​ ရွှေဆိုင်းလက်​မှုပညာ​တွေ ​ပျောက်​ကုန်​ပြီး လုပ်​ကိုင်​​နေသူ​တွေရဲ့ ဘဝရပ်​တည်​မှုခက်​ခဲလာလို့ မန္တ​လေး မဟာ​အောင်​​မြေမြို့နယ်​၊ မျက်​ပါးရပ်​ကွက်​မှာ မြန်​မာ့ လက်​မှု ရွှေဆိုင်း လုပ်​ကိုင်​​နေကြတဲ့​ ရွှေဆိုင်းလုပ်​သား​တွေက ဆန္ဒပြကြတာ ဦး​ဆောင်​သူ ကို​ဇော်​မင်း​အောင်​က​ ပြောပါတယ်​။ ဆန္ဒပြသူတွေဟာ အလုပ်​အခွင့်အလမ်းတွေမ​ပျောက်​​ရေး၊ မြန်​မာ့လက်​မူ ​ရွှေဆိုင်းလုပ်​ငန်း အစဉ်​တည်​တံ့ ​ရေး၊ ​ရွှေတိဂုံ​စေတီ​တော်​​ဂေါပကအဖွဲ့ရဲ့ တင်​ဒါစည်းမျဉ်း စည်းကမ်းတွေ ပြောင်းလည်း​ပေး​ရေး၊ မြန်​မာ့လက်​မူ အနုပညာလုပ်​ငန်းတွေကို ကူညီအား​ပေး အသိမှတ်​ပြုထိန်းသိမ်း​ရေး၊​ ရွှေသင်္ကန်းကပ်​လှူရာမှာ ​ရွှေတိဂုံ​ဂေါပကအ​နေနဲ့ လက်မှု ရွှေဆိုင်းတွေကို အသုံးပြု​ရေး စတောတွေကို ဆန္ဒပြသမားတွေက ​​ကြွေး​ကျော်တောင်းဆို ​ခဲ့ကြပါတယ်​။ ​ရွှေကျော်ေ​ရွှခပ်​ပညာရှင် ​ကိုချမ်းငြိမ်း​အောင်​က “​ကမ္ဘာ့က အသိမှတ်​ပြုခံထားရ ​လောက်​​ အောင်​ တန်​ဖိုးရှိတဲ့ မြန်​မာ့လက်​မှု ပညာရပ်​ကြီး​ ပျောက်​ပျက်​သွားမှာဖြစ်​သလို ကျ​နော်​တို့ လက်​မှုပညာနဲ့ လုပ်​စား​နေကြတဲ့ လက်​မှုလုပ်​ငန်းလုပ်​ကိုင်​​နေကြတဲ့ ကျ​နော်​တို့ဘဝ​တွေ အကုန်​ထိခိုက်​ခံခဲ့ရတယ်​။ ဒုက္ခ​တွေလည်း ခံကြရ​တော့မယ်​။ အဲဒါ​ကြောင့် တင်​ဒါ​ပေးကြတဲ့ သက်​ဆိုင်​ရာ​ ဂေါပကအ​နေနဲ့ တင်​ဒါကို ပြင်​​ပေး​စေချင်​တယ်​”လို့ ​ပြောပါတယ်​။ ​မိဘအ​မွေအနှစ်​ကို ဆက်​လက်​လုပ်​ကိုင်​လာခဲ့ကြတဲ့ ​ရွှေခပ်​လုပ်​ငန်း၊ ​ရွှေဆိုင်း၊ ဝါးစက္ကူ၊ ​ရွှေ​လှောင်​စက္ကူစတဲ့ လုပ်ငန်းလုပ်​ကိုင်​ကြတဲ့ အလုပ်​သမား ၁၅၀လောက်က မန္တ​လေး မျက်​ပါးရပ်​မှာ လှည့်လည်​ဆန္ဒထုတ်​​ဖော်​ခဲ့ပြီး ၆၂လမ်း မဟာ​အောင်​​မြေမြို့နယ်​ ပြည်​သူ့ဟစ်​တိုင်​ကွင်းမှာ ဆက်​လက်​​ကြွေး​ကျော်​ခဲ့ကြပါတယ်။ အရင်​​ခေတ်​အဆက်​ဆက် ​မြန်​မာ့လက်​မှုရွှေဆိုင်းနဲ့ ​ရွှေသင်္ကန်းကပ်​လှူခဲ့ကြ​ပေမယ့် ၂၀၁၄ ခုနှစ်​ကစပြီိး စက်​နဲ့ထုတ်​လုပ်​တဲ့ စက်​​ရွှေကို အဓိကထားသုံးစွဲခွင့်ပြုခဲ့သလို တင်​ဒါစည်း အရလည်း စက်​​ရွှေကို အသုံးပြုနိုင်​ဖို့​ ဦးစား​ပေးထားတဲ့ဥပ​ဒေကိုပြင်​စဉ်​​ပေးဖို့ အဲဒီလို စက်​​ရွှေကိုဘဲ သုံးစွဲသွားခဲ့ရင်​မြန်​မာ့ လက်​မှုပညာရပ်​​တွေဖြစ်​တဲ့ ​ရွှေခပ်​ပညာ​တွေ​ပျောက်​ဆုံးကုန်​​တော့မှာဖြစ်​တာ​ကြောင့် ရွှေတိဂုံ​ဂေါကပကို ဆန္ဒထုတ်​​ဖော်​ခဲ့ကြတာပါ။

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024