ဘိုင်ယန်မြူးနစ်အသင်းကို နည်းပြ ကိုဗက် စတင်ကိုင်တွယ်

ဓာတ်ပုံ - Reuters
ခရိုအေရှားနိုင်ငံသား နည်းပြ နီကို ကိုဗက်ဟာ ဘိုင်ယန်မြူးနစ်အသင်းမှာ နည်းပြသစ်အဖြစ် မနေ့က စတင်ကိုင်တွယ်ခဲ့ပါတယ်။ နည်းပြသစ် ကိုဗက်က အသင်းမှာရှိတဲ့ ကစားသမားတိုင်းကို တိုးတက်အောင်လုပ်ဖို့ ရည်ရွယ်ထားတယ်လို့ ဆိုပါတယ်။ အသက် ၄၆ နှစ်အရွယ် ကိုဗက်ဟာ ကစားသမားဘဝတုန်းက ဂျာမန် ဘွန်ဒက်စ်လီဂါကလပ် ဘိုင်ယန်အသင်းမှာ ကာလကြာရှည် ကစားခဲ့ဖူးသူ ဖြစ်ပါတယ်။ ဘိုင်ယန်အသင်းက နည်းပြ ကိုဗက်ကို ဖရန့်ဖတ်အသင်းကနေ ခေါ်ယူလိုက်တာပါ။ ပြောင်းရွှေ့ကြေးအဖြစ် ဒေါ်လာ ၂ သန်းခွဲကျော် ပေးရတယ်လို့ ဆိုထားပါတယ်။

Independent media are under attack by the Myanmar junta. DVB continues reporting the facts, but needs support for the safety of our journalists. You help with any donation. Thank you.

Donate
More News
Up