Home
မြန်မာသတင်း
အိုင်စီအာစီ ဥက္ကဋ္ဌ မြန်မာနှင့်ဘင်္ဂလားဒေ့ရှ်ကို သွားရောက်မည်
DVB
·
June 23, 2018
နိုင်ငံတကာ ကြက်ခြေနီကော်မတီ အိုင်စီအာစီ ဥက္ကဋ္ဌ ပီတာမောရာဟာ ရခိုင်ပြည်နယ်နဲ့ ကောက်ဘဇားက အိုင်စီအာရ်စီရဲ့ လုပ်ငန်းတွေကို လေ့လာဖို့အတွက် ဇွန် ၂၅ ရက်ကနေ ဇူလိုင် ၃ ရက်အထိ မြန်မာနိုင်ငံနဲ့ ဘင်္ဂလားဒေ့ရှ်နိုင်ငံကို သွားရောက်ဖို့ ရှိနေပါတယ်။ သူဟာ  ဘေးဒဏ်သင့်ခံခဲ့ရတဲ့ အသိုက်အဝန်းတွေနဲ့ တွေ့ဆုံပြီး မြန်မာနဲ့ ဘင်္ဂလားဒေ့ရှ်အစိုးရတွေဘက်မှ တာဝန်ရှိ ကိုယ်စားလှယ်တွေနဲ့ အစည်းအဝေးတွေ လုပ်ဆောင်မှာပါ။ မြန်မာနိုင်ငံ ခရီးစဉ်အတွင်း နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်နဲ့ မြန်မာသမ္မတ ဦးဝင်းမြင့်တို့နဲ့ တွေ့ဆုံဆွေးနွေးသွားမယ်လို့ အိုင်စီအာစီထုတ်ပြန်ချက်က ပြောထားပါတယ်။ “လူသားချင်းစာနာကူညီတဲ့ အဖွဲ့အစည်းတွေဟာ သိပ်ကို ခက်ခဲတဲ့အခြေအနေတွေမှာ အထူးသဖြင့် မုတ်သုံရာသီ အကြိုကာလမျိုးတွေမှာ ဒုက္ခတွေကို သက်သာပြေလျော့အောင် အကောင်းဆုံး လုပ်ဆောင်နေကြပါတယ်။ ဒါပေမယ့် ဆယ်လလောက် ရှိလာတဲ့အခါကျတော့ အစွမ်းကုန် ပြောဆို ကြိုးစားလုပ်ဆောင်နေပေမယ့်လဲ သိပ်ကိုများလွန်းတဲ့လူတွေဟာ ဒုက္ခတွေ အများကြီး ခံစားနေရတုန်းပဲ” လို့ ပီတာမောရာက ပြောပါတယ်။ အရေးပေါ်တုံ့ပြန်ဆောင်ရွက်ချက်တွေ ဆက်လုပ်ပေးနေချိန်မှာလည်း ရေရှည်တည်တံ့မယ့် ဖြေရှင်းချက်မျိုး တည်ဆောက်ဖို့အတွက် လူသားချင်း စာနာကူညီရေးသမားတွေ၊ ဖွံ့ဖြိုးရေးလုပ်တဲ့ သရုပ်ဆောင်တွေနဲ့ အာဏာပိုင်တွေဆီကနေလည်း ခပ်မြန်မြန် တိုးတက်မှု ရှိရပါမယ်လို့ ဆိုပါတယ်။ ဇွန်လ ၃၀ ရက်မှာတော့ ဘင်္ဂလားဒေ့ရှ်ကို ရောက်ရှိမှာဖြစ်ပြီး ဘင်္ဂလားဒေ့ရှ်ဝန်ကြီးချုပ် ရှိတ်ခ်ဟာစီနာနဲ့ ဝန်ကြီးတွေ၊ ပြည်ထဲရေးနဲ့ နိုင်ငံခြားရေးဝန်ကြီးဌာနမှ အဆင့်မြင့်အရာရှိကြီးတွေနဲ့ တွေ့ဆုံသွားမယ်လို့ ဆိုပါတယ်။ အိုင်စီအာစီ ဥက္ကဋ္ဌ ပီတာမောရာဟာ ၂ နိုင်ငံ နယ်စပ် နှစ်ဖက်လုံးမှာ မီဒီယာရှင်းလင်းပွဲ ပြုလုပ်သွားမှာ ဖြစ်ပါတယ်။
Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024