သမ္ဗန်နစ်မြုပ်မှု အမျိုးသားအလောင်း ၁ လောင်း ထပ်မံတွေ့ရှိ
DVB
·
June 18, 2018
ရန်ကုန်- ဒလကူး ကမာကသွယ်လှေဆိပ်က စက်သမ္ဗန်နစ်မြုပ်ရာမှာ ပျောက်ဆုံးနေသူ လေးဦးထဲက အမျိုးသားအလောင်းတလောင်းကို ဇွန်လ ၁၇ ရက်က သီလဝါ ဆိမ်ကမ်းအလွန် ကမ်းဘးမှာ ထပ်မံတွေ့ရှိခဲ့ပါတယ်။
ဇွန်လ ၁၆ ရက်က သန်လျက်စွန်းမှာ အမျိုးသမီး ၁ ဦး အလောင်းကို ပထမဆုံး ရှာတွေ့ခဲ့ပြီး ဒုတိယအလောင်းကို ထပ်မံတွေ့ရှိခဲ့တာပါ။
ဇွန်လ ၁၃ ရက်ညက လူ ၁၂ ဦးလိုက်ပါလာတဲ့ ကူးတို့ စက်သမ္ဗန်နစ်မြုပ်ရာမှာ ပျောက်ဆုံးနေတာကတော့ အမျိုးသမီး သုံးဦးနဲ့ အမျိုးသားတစ်ဦး စုစုပေါင်း လေးဦးဖြစ်ပြီး အခင်းဖြစ်ပွားပြီး ၃ ရက်အကြာမှ အလောင်းတွေရှာတွေ့ခဲ့တာပါ။
ရန်ကုန် စဥ့်အိုးတန်းဆိပ်ကမ်းကနေ ဒလမြို့နယ် ကမာကသွယ်ဆိပ်ကမ်းပြေးဆွဲနေတဲ့ သမ္ဗန်တိမ်းမှောက်တာနဲပတ်သက်ပြီး စက်သမ္ဗန်ယာဉ်မောင်းကို ရာဇသတ်ကြီးဥပဒေပုဒ်မ ၂၈၀/၃၇၇ နဲ့ ဆိပ်ကမ်းမြို့မ ရဲစခန်းမှာ အမှုဖွင့်ထားပါတယ်။