Home
မြန်မာသတင်း
ကွန်ဖူး​မင်း​သား​ ဂျက်ကီချန်း ​မြန်မာပြည် လာမည်
ပီတာအောင်
·
July 3, 2012
ကုလသမဂ္ဂ က​လေး​များ​ရန်ပုံ​ငွေအဖွဲ့​ (ယူနီဆက်ဖ်) သံတမန် ကမ္ဘာ​ကျော် ရုပ်ရှင်မင်း​သား​ ဂျက်ကီချန်း​ဟာ ဇူလိုင် ၅ ရက်​နေ့​မှာ မြန်မာနိုင်ငံကို လာ​ရောက် လည်ပတ်မှာ ဖြစ်တယ်လို့​ ယူနီဆက်ဖ် ရန်ကုန်ရုံး​က အတည်ပြု ​ပြောပါတယ်။ [caption id="attachment_27429" align="alignright" width="300" caption="photo-Jackie Chan Facebook"][/caption] မင်း​သား​ ဂျက်ကီချန်း​ဟာ ကုလသမဂ္ဂရဲ့​ အစီအစဉ်နဲ့​ မြန်မာ က​လေး​သူငယ်​တွေကို ​တွေ့​ဆုံအား​ပေး​ဖို့​ ရည်ရွယ်ပြီး​ လာ​ရောက်မှာ ဖြစ်တယ်လို့​ ယူနီဆက်ဖ် မြန်မာရုံး​ ဆက်ဆံ​ရေး​အရာရှိ ​ဒေါ်စန္ဒာလင်း​က ​ပြောပါတယ်။ “သူလာတဲ့​ အဓိက ရည်ရွယ်ချက်က ချစ်ကြည်​ရေး​သံတမန်​တွေရဲ့​ လုပ်​နေကျထုံး​စံအတိုင်း​ မြန်မာနိုင်ငံမှာရှိတဲ့​ က​လေး​တွေရဲ့​ အ​ရေး​အရာ​တွေ ​လေ့​လာမယ်။ ​နောက် ရန်ပုံ​ငွေ လိုအပ်တဲ့​ ​နေရာ​တွေမှာရန်ပုံ​ငွေ မြှင့်​တင်တာ လုပ်မယ်။ က​လေး​တွေရဲ့​ ကိစ္စ​တွေနဲ့​ ပတ်သက်ပြီး​ ဒီထက်မက ပိုပြီး​အသိပညာ​ပေး​ မြှင့်​တင်အား​ပေး​နိုင်​အောင် လာတာ​ပေါ့​။ သူက ပညာ​ရေး​နဲ့​ ပတ်သက်ပြီး​တော့​လည်း​ ကြည့်​မယ်။ က​လေး​သူငယ်ကာကွယ်​စောင့်​ရှောက်​ရေး​နဲ့​ ပတ်သက်ပြီး​တော့​လည်း​ ကြည့်​မယ်။ လူကုန်ကူး​မှု ကိစ္စရပ်​တွေလည်း​ ပါမှာ​ပေါ့​နော်။ က​လေး​တွေနဲ့​ ​တွေ့​မယ်၊​ အား​ပေး​မယ်။ မြန်မာပြည်က က​လေး​တွေနဲ့​ ပတ်သက်ပြီး​တော့​ အလုပ် လုပ်​နေကြ တာ​တွေကို သူ့​အ​နေနဲ့​ လာ​လေ့​လာမယ်။” ဂျက်ကီချန်း​ဟာ ဇူလိုင် ၅ ရက်​နေ့​မှာ တရုတ်နိုင်ငံ ​ဘေဂျင်း​မြို့​က​နေ အထူး​ ​လေယာဉ်နဲ့​ မန္တ​လေး​မြို့​ကို အရင်သွား​ရောက်မှာဖြစ်ပြီး​ အဲဒီ​နောက် ရန်ကုန်မြို့​ကို လာ​ရောက်မှာပါ။ ဇူလိုင် ၈ ရက်​နေ့​မှာ မြန်မာနိုင်ငံက​နေ ပြန်လည်ထွက်ခွာမှာဖြစ်ပြီး​ မထွက်ခွာခင်မှာ ရန်ကုန်မြို့​ ကုန်သည်ကြီး​များ​ဟိုတယ်မှာ မြန်မာ ခရီး​စဉ်နဲ့​ ပတ်သက်ပြီး​ သတင်း​စာရှင်း​လင်း​ပွဲ ကျင်း​ပဖို့​ ရှိပါတယ်။ အခုခရီး​စဉ်ဟာ ကုလသမဂ္ဂ က​လေး​များ​ရန်ပုံ​ငွေအဖွဲ့​ (ယူနီဆက်ဖ်)ရဲ့​ သံတမန် ကမ္ဘာ​ကျော် ရုပ်ရှင်မင်း​သား​ တဦး​အ​နေနဲ့​ မြန်မာနိုင်ငံကို ပထမဆုံး​ လာ​ရောက် လည်ပတ်မယ့်​ ခရီး​စဉ်လည်း​ ဖြစ်ပါတယ်။
Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024