Home
မြန်မာသတင်း
ဖုန်းဝယ်မယ်ဆိုရင် ဘယ်လိုအမျိုးအစားတွေ ရွေးကြမလဲ
DVB
·
June 9, 2018
အခုဆက်လက်ပြီးတော့ ဖုန်းဝယ်မယ်ဆိုရင် ဈေးနှုန်း ၂ သိန်းဝန်းကျင်လောက်နဲ့ ကင်မရာကောင်းမွန်တဲ့ ဟန်းဆက်တွေအကြောင်း ဖော်ပြပေးလိုက်ပါတယ်။ အခုဆိုရင် လူတိုင်းနီးပါများ မိုဘိုင်းလ်ဖုန်းတလုံးဆီ ပိုင်ဆိုင်နေကြပါပြီ။ အဲ့ဒီတော့ မိုဘိုင်းလ်ဟန်းဆက်ဝယ်မယ်ဆိုရင် ဝယ်ယူသုံးစွဲမယ့်သူတွေအနေနဲ့ ကင်မရာကောင်းမွန်တာကို ရွေးမလား၊ ဒီဇိုင်းပိုင်း အားသာတာကို ရွေးမလား၊ ဂိမ်းအမြင့်တွေကို ကစားမလား စတဲ့ အမျိုးအစားပေါ်မူတည်ပြီး ရွေးချယ်ဝယ်ယူနိုင်ပါပြီ။ ဒီတစ်ပတ်မှာတော့ ဈေးနှုန်း ၂ သိန်းပတ်ချာလည်နဲ့ ကင်မရာပိုင်းအားသာတဲ့ ဟန်းဆက်လေးတွေကို ရွေးချယ်ပေးလိုက်ပါတယ်။ ဈေးနှုန်း ၁ သိန်းခွဲနဲ့ ၂ သိန်းကြားမှာ ကင်မရာကောင်းမွန်တဲ့ ဟန်းဆက်တွေထဲက အမျိုးအစား သုံးမျိုးလောက်ကို တင်ပြပေးမှာပါ။ အဲ့ဖုန်းလေးတွေကတော့ Huawei Y6 Prime 2018၊ Xiaomi Redmi Note 5A နဲ့ Vivo Y53c တို့ကို ရွေးချယ်ထားပါတယ်။ Huawei Y6 Prime Huawei Y6 Prime ဟန်းဆက်လေးကတော့ ဈေးနှုန်းအားဖြင့်ဆိုရင်တော့ ၁၄၉၀၀၀ နဲ့ ဝယ်လို့ ရနိုင်မှာပါ။ Camera ပိုင်းမှာလည်း အနောက်ကင်မရာ 13MP ဖြစ်ပြီး အရှေ့ကင်မရာကို 8MP ပါဝင်ပါတယ်။ RAM အနေနဲ့ကတော့ RAM 2GB/ROM 16GB ဖြစ်ပါတယ်။ Security ပိုင်းမှာလည်း Finger Print အပြင် Face Unlock စနစ်ပါ ပါဝင်တယ်လို့ သိရပါတယ်။ Battery မှာလည်း Li-ion 3000 mAh ကို အသုံးပြုပေးထားပြီး ကာလာအနေနဲ့ကတော့ အပြာရောင်၊ အမည်းရောင်နဲ့ ရွှေရောင် ရွေးချယ်ဝယ်ယူနိုင်မှာဖြစ်ပါတယ်။ Xiaomi Redmi Note5A Xiaomi Redmi Note 5A ဟန်းဆက်လေးကတော့ ဈေးနှုန်းအားဖြင့်ဆိုရင် ၁၇၀၀၀၀ နဲ့ ဝယ်လို့ ရနိုင်မှာဖြစ်ပြီး Camera ပိုင်းမှာလည်း အနောက်ကင်မရာ 16MP ဖြစ်ပြီး အရှေ့ကင်မရာ 13MP ဖြစ်ပါတယ်။ RAM အနေနဲ့ကတော့ RAM 3GB/ROM 32GB ဖြစ်ပြီး Security ပိုင်းအနေနဲ့ကတော့ Finger Print တမျိုးတည်းသာပါဝင်ပါတယ်။ Battery အနေနဲ့ဆိုရင် Li-ion 3080mAh ကို အသုံးပြုပေးထားပြီး ကာလာအနေနဲ့ကတော့ ရွှေရောင်၊ ပန်းရောင်နဲ့ မီးခိုးရောင်တို့ကိုတော့ ရွေးချယ်ဝယ်ယူနိုင်မှာဖြစ်ပါတယ်။ Vivo Y35c Vivo Y35c ဟန်းဆက်လေးကတော့ ဈေးနှုန်းအားဖြင့်ဆိုရင် ၁၆၉၀၀၀ နဲ့ ဝယ်လို့ရနိုင်မှာဖြစ်ပြီး Camera ပိုင်းမှာဆိုရင် အနောက်ကင်မရာ 8MP ဖြစ်ပြီး အရှေ့ကင်မရာကို 5MP ဖြစ်ပါတယ်။ RAM အနေနဲ့ကတော့ RAM 2GB/ROM 16GB ဖြစ်ပြီး Security ပိုင်းအနေနဲ့ကတော့ Face Unlock တမျိုးတည်းသာပါဝင်ပါတယ်။ Battery အနေနဲ့ဆိုရင် Li-ion 3080mAh ကို အသုံးပြုပေးထားပြီး ကာလာအနေနဲ့ကတော့ ရွှေရောင်နဲ့ အမည်းရောင်တို့ကိုတော့ ရွေးချယ်ဝယ်ယူနိုင်မှာ ဖြစ်ပါတယ်။
Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024