Home
မြန်မာသတင်း
ထိုင်းတွင် မြန်မာလှေလုပ်သားချင်း ဓားထိုးမှုဖြစ်ပြီး ၁ ဦး သေဆုံး
DVB
·
May 30, 2018
ထိုင်းနိုင်ငံအလယ်ပိုင်း ပရကျူတ်ခီရီခန်ခရိုင် ဘန်ဆဖန်းမြို့နယ်ထဲမှာ ပြီးခဲတဲ့ မေလ ၂၈ ရက်က မြန်မာလှေလုပ်သားချင်း စကားများ ရန်ဖြစ်ရာက တဦး ဓားထိုးခံရလို့ သေဆုံးသွားတယ်လို့ ထိုင်းရတ်သတင်းမှာ ဖော်ပြပါတယ်။ မေလ ၂၈ ရက်ညက ဘန်ဆဖန်းမြို့နယ်၊ မဲ့လမ်းဖိန့်ရပ်ကွက် တောစပ်အနီး လဲကျ သေဆုံးနေသူတဦး တွေ့ရှိကြောင်း သတင်းအရ အခင်းဖြစ်ပွားရာ နေရာကို လိုက်လံစစ်ဆေးရာမှာ အသက် ၄၀ အရွယ် သိန်းကြွယ် ဆိုသူ မြန်မာလှေလုပ်သားကို ဓားဒဏ်ရာ ၆ ချက်နဲ့ သေဆုံးနေတာ တွေ့ရတယ်လို့ ဘန်ဆဖန်းမြို့နယ်ရဲတပ်ဖွဲ့ တာဝန်ရှိသူတဦးက ပြောပါတယ်။ မျက်မြင်သက်သေတို့ ပြောပြချက်အရ သေဆုံးသူဟာ မနေ့ညက လုပ်ဖော်ကိုင်ဖက် မြန်မာလှေလုပ်သားတဦးနဲ့အတူ အဲဒီအနီးက တဲလေးတခုမှာ အရက်အတူဝိုင်းဖွဲ့သောက်ခဲ့ရာက ခိုက်ရန်ဖြစ်ပွားပြီး ထိုးကြိတ်ခဲ့ကြတယ်လို့ ဆိုပါတယ်။ တာဝန်ရှိသူတွေက သူ့နဲ့ ရန်ဖြစ်ခဲ့သူကို စီစီကင်မရာကနေတဆင့် လိုက်လံရှာဖွေရာမှာ မေလ ၂၉ ရက်နေ့မှာတော့  ကမ်းစပ်အနီး ကျောက်ချထားတဲ့ ကစ်သီမားနာဝီ ငါးဖမ်းလှေပေါ်နေ အသက် ၄၃ နှစ်ရွယ်ရှိ  နိုင်းဆု ဆိုသူ မြန်မာလှေလုပ်သားကို ဖမ်းဆီးလိုက်ပါတယ်။ နိုင်းဆုက သိန်းကြွယ်နဲ့အတူ တလှေတည်းမှာ အလုပ်လုပ်ကြောင်း၊ မနေ့ည အရက်သောက်စဉ် စကားများ ထိုးကြိတ်ကြကြောင်း၊ သိန်းကြွယ်က ထွက်ပြေးသွားလို့ သူက အနောက်က လိုက်ပြီး တောစပ်နား ရောက်တဲ့အခါ ဓားနဲ့ထိုးလိုက်တာလို့ ဝန်ခံထားပါတယ်။ နိုင်းဆုဟာ သူ ကျူးလွန်ခဲ့ပုံတွေကို ရဲတပ်ဖွဲ့နဲ့ အများပြည်သူရှေ့မှာ  ပြန်လည်သရုပ်ပြခဲ့ပြီး လူသတ်မှုနဲ့ အရေးယူခံရမှာ ဖြစ်ပါတယ်။
Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024