ပါလက်စတိုင်းသမ္မတ အဆုတ်ကူးစက်နာကြောင့် ဆေးရုံတက်နေရ

ဓာတ်ပုံ - ရိုက်တာ
ပါလက်စတိုင်းသမ္မတ မာမွတ်အဘတ်စ်ဟာ အဆုတ်ကူးစက်နာကြောင့် ၈ ရက်မြောက်နေ့အဖြစ် ဆေးရုံမှာ ကုသခံနေရကြောင်း ဆေးရုံတာဝန်ရှိသူတွေက မေလ ၂၇ ရက်နေ့မှာ ပြောကြားခဲ့ပါတယ်။ အသက် ၈၂ နှစ်အရွယ် သမ္မတ အာဘတ်စ်ဟာ ဆေးလိပ်အလွန်အကျွံသောက်သူ ဖြစ်ပြီး မေလ ၂၀ ရက်နေ့က ဆေးရုံတက်ခဲ့တာ ဖြစ်ပါတယ်။ သမ္မ္မတ အာဘတ်စ်ရဲ့ ကျန်းမာရေးအခြေအနေ တိုးတက်မှု မြန်ဆန်ကြောင်း၊ ဆေးစစ်ချက်အဖြေတွေ ပုံမှန်ပြန်ဖြစ်လာကြောင်းနဲ့ အဲဒီအဖြေတွေပေါ် အခြေခံပြီး သမ္မတ အာဘတ်စ် ဆေးရုံက ဆင်းနိုင်မယ့်ရက်ကို ပြောကြားမှာဖြစ်ကြောင်း အာဘတ်စ်တက်ရောက်ရာ ဆေးရုံ ဆေးဘက်ဆိုင်ရာ ညွှန်မှူးက ပြောခဲ့ပါတယ်။ သမ္မတ အာဘတ်စ်ဟာ ဆေးရုံတက်နေစဉ်အတွင်း နိုင်ငံတကာနဲ့ ပါလက်စတိုင်း တာဝန်ရှိသူတွေနဲ့ အစည်းအဝေးတွေ ပြုလုပ်ခဲ့တယ်လို့လည်း အမည်မဖော်လိုသူ ပါလက်စတိုင်း တာဝန်ရှိသူတဦးက ပြောကြားခဲ့ပါတယ်။

Independent media are under attack by the Myanmar junta. DVB continues reporting the facts, but needs support for the safety of our journalists. You help with any donation. Thank you.

Donate
More News
Up