ပုံမှန်ပွဲထွက်ခွင့်အတွက် အသင်းနှင့်ဆွေးနွေးမည်ဟု ဘေးလ်ပြော

ပုံမှန်ပွဲထွက်ခွင့်အတွက် အသင်းနဲ့ ဆွေးနွေးသွားဖို့ရှိတယ်လို့ တောင်ပံကစားသမား ဂါရတ်ဘေးလ်က ပြောကြားလိုက်ပါတယ်။ ဂါရတ်ဘေးလ်ဟာ ချန်ပီယံလိဂ် ဗိုလ်လုပွဲမှာ ပွဲထွက်ခွင့်မရခဲ့ပေမယ့် လူစားဝင်ကစားပြီး အနိုင်ဂိုး ၂ ဂိုးသွင်းပြီး ခြေစွမ်းပြခဲ့ပါတယ်။ မိမိအနေနဲ့ အသင်းမှာ ပုံမှန်ပွဲထွက်ကစားခွင့် ရချင်ပေမယ့် အခုနှစ်ရာသီမှာ မရခဲ့ဘူးလို့ ဘေးလ်က ဆိုပါတယ်။ ဒဏ်ရာကြောင့် ၂ လလောက် အနားယူခဲ့ရပေမယ့် ပြန်ကောင်းလာတဲ့အချိန်မှာ အကောင်းဆုံးကြံ့ခိုင်မှု ရပေမယ့် ပွဲထွက်ခွင့်မရဘူးလို့လည်း ဘေးလ်က ဆိုပါတယ်။ ချန်ပီယံလိဂ်ဗိုလ်လုပွဲမှာလည်း ပွဲထွက် ၁၁ ယောက်စာရင်းထဲ မပါလို့ စိတ်ပျက်မိပေမယ့် လူစားဝင်ကစားပြီး အသင်းအတွက် အကူအညီပေးနိုင်ခဲ့လို့ ပျော်ရွှင်မိတယ်လို့ ဘေးလ်က ဆိုပါတယ်။ ဂါရတ်ဘေးလ်ကို ပရီးမီးယားလိဂ်ကလပ်အသင်းတချို့ကလည်း ခေါ်ယူဖို့ စိတ်ဝင်စားနေပါတယ်။

Independent media are under attack by the Myanmar junta. DVB continues reporting the facts, but needs support for the safety of our journalists. You help with any donation. Thank you.

Donate
More News
Up