Home
မြန်မာသတင်း
ရန်ကုန်မြို့ပြဖွံ့ဖြိုးရေးဆိုင်ရာ စီမံကိန်းအစီရင်ခံစာ လွှတ်တော်မှတ်တမ်းတင်
ပြည့်ဘုန်းအောင်
·
May 16, 2018
  ရန်ကုန်တိုင်းဒေသကြီး ပြည်တွင်း၊ ပြည်ပရင်းနှီးမြှုပ်နှံမှုနဲ့ မြို့ပြဖွံ့ဖြိုးရေးဆိုင်ရာ လုပ်ငန်းစီမံကိန်း အစီရင်ခံစာ (၂၀၁၈-၂၀၂၁)ကို  တိုင်းဒေသကြီး လွှတ်တော်မှာ မှတ်တမ်း တင်လိုက်ပါတယ်။ အစီရင်ခံစာမှာပါဝင်တဲ့ စီမံကိန်းတချို့ဟာ ပွင့်လင်းမြင်သာမှုမရှိတဲ့အပြင် လွှတ်တော်ကိုယ်စားလှယ်တွေနဲ့ လွှတ်တော်ကိုပါ အသိပေးဆောင်ရွက်ခဲ့တာ မရှိတာကြောင့် ကိုယ်စားလှယ်တွေ ၈ ဦးက  ဝေဖန်ထောက်ပြဆွေးနွေးခဲ့ကြပါတယ်။ မေလ ၁၆ရက် တိုင်းလွှတ်တော်အစည်းအဝေးမှာတော့ ဒီအစီရင်ခံစာကို ရန်ကုန်တိုင်း ဒေသကြီး လျှပ်စစ်၊ စက်မှုနဲ့ လမ်းပန်းဆက်သွယ်ရေးဝန်ကြီး ဒေါ်နီလာကျော်က ပြန်လည်ဖြေရှင်းခဲ့ပြီး အစီရင်ခံစာကို  လွှတ်တော်မှာ မှတ်တမ်းတင်ခဲ့ တာပါ။ ၀န်ကြီး ဒေါ်နီလာကျော်အနေနဲ့ ကိုယ်စားလှယ်တွေရဲ့ ဝေဖန်ထောက်ပြမှုကို အလေးထားဆောင်ရွက်မှာဖြစ်သလို ပြည်သူလူထုမထိခိုက်အောင် ဆောင်ရွက်သွားမယ်လို့ လွှတ်တော်မှာ ကတိပေးပြောသွားပါတယ်။ အစီရင်ခံစာထဲမှာတော့ ရန်ကုန်တိုင်းအတွင်း အကောင်အထည်ဖော်လုပ်ဆောင်ဖို့ရှိတဲ့ မြိုသစ်တိုးချဲ့ရေး စီမံကိန်းတွေ၊ ဆောက်လုပ်ရေးစီမံကိန်းတွေ၊ လမ်းတံတားတွေတိုးချဲ့မယ့် စီမံကိန်းတွေပါဝင်ပြီး ဒီစီမံကိန်း အစီအမံတွေကိုတော့ ဂျပန်နိုင်ငံတကာပူးပေါင်းဆောင်ရွက်ရေး အေဂျင်စီ JICA က အကူအညီပေးဆောင်ရွက်သွားမှာပါ။
Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024