တရားထိုင်ပုံစံဖြင့် ရေငုပ်သည့် ဒိန်းမတ်နိုင်သား စံချိန်ချိုး (ရုပ်သံ)

ဒိန်းမတ်နိုင်ငံသားတဦးက ကမ္ဘာ့အနက်ဆုံးရေကန်တကန်ရဲ့ အောက်ခြေပေ ၁၀၀ ကျော်အနက်အထိ ကိရိယာဝတ်စုံအလွတ်နဲ့ တရားထိုင်တဲ့ပုံစံ ရေငုပ်ခဲ့ပြီး စံချိန်ချိုးခဲ့တယ်လို့ သိရပါတယ်။ စတစ်ပရိုင်စ်ဆိုသူက ဘယ်လ်ဂျီယမ်နိုင်ငံ ဘရပ်ဆဲလ်မြို့ရှိ ကမ္ဘာ့အနက်ဆုံး ရေကန်တွေထဲက တကန်ဖြစ်တဲ့ နီမို-၃၃ (Nemo 33) ဆိုတဲ့ ရေကန်ထဲ ကြာပန်းပုံစံ အနေအထားနဲ့ တရားထိုင်ကာ အံ့သြဖွယ် တည်တည်ငြိမ်ငြိမ် ရေငုပ်သွားတာ ရုပ်သံထဲ မြင်ရပါတယ်။ ၂ မိနစ်အတွင်းမှာ သူ ရေငုပ်တာ ပြီးဆုံးသွားပါတယ်။ ဒိန်းမတ်အားကစားသမားက အဆစ်ယောင်ရောဂါရှိခဲ့လို့ ပြင်းထန်တဲ့ ဝေဒနာကြောင့် ကြိမ်တုတ်တခုနဲ့ လမ်းလျှောက်ခဲ့ရတာပါ။ ဒါပေမယ့် သူက ၂၀၁၃ ခုနှစ် ဇန်နဝါရီလမှာ သူ့ဘဝအတွက် အကြီးမားဆုံး အခွင့်အရေးတွေကို လုပ်ဆောင်ခဲ့တာပါ။ ရေကူးသင်တန်းနဲ့ သူ့အခြေအနေကို ထိန်းချုပ်ဖို့ အသက်ရှူလေ့ကျင့်ခန်းတွေ လုပ်ပြီးတဲ့နောက် သူ့မှာ အသက်ရှူသွင်းထားတဲ့လေကို အကြာကြီး ထိန်းထားနိုင်တယ်ဆိုတာ သူကိုယ်တိုင် သိလာပါတယ် သူက ကိရိယာဝတ်စုံလွတ် ရေငုပ်သင်တန်းနဲ့ ရောဂသင်တန်းတွေကို တက်ပြီး တရားစတင်လေ့ကျင့်ပြီးချိန် ရက်သတ္တပတ်အနည်းငယ်ကြာအပြီးမှာ ပထမဆုံးအကြိမ် တုတ်မကိုင်ပဲ လမ်းလျှောက်နိုင်သွားတယ်လို့ ဆိုပါတယ်။ တနှစ်အတွင်းမှာပဲ အသက်ရှုကိရိယာမပါ ပေ ၃၀၀ အနက်အထိ ရေငုပ်နိုင်လို့ ဒိန်းမတ်နိုင်ငံမှာ စံချိန်ချိုးသွားတယ်လို့ သိရပါတယ်။ ဒါ့အပြင် သူက နာတာရှည် နေကောင်းဖြစ်သူတွေကို သူတို့ရဲ့ ဘဝအရည်အသွေးတွေ တိုးတက်ဖို့နဲ့ သူတို့ရဲ့ ဖြစ်နိုင်ခြေတွေကို ဘယ်လို ပွင့်ထွက်လာအောင် လုပ်ရမလဲဆိုတာကိုပါ သင်ကြားပေးနေတယ်လို့ ဒေးလီးမေးလ်သတင်းမှာ မေလ ၁၁ ရက်နေ့က ဖော်ပြထားပါတယ်။

Independent media are under attack by the Myanmar junta. DVB continues reporting the facts, but needs support for the safety of our journalists. You help with any donation. Thank you.

Donate
More News
Up