Home
မြန်မာသတင်း
အရှိုချင်းဘာသာ စာပေဖြင့် ကွန်ပျူတာတွင် စတင်အသုံးပြုနိုင်တော့မည်
မင်းညို
·
May 10, 2018
မြန်မာနိုင်ငံက တိုင်းရင်းသားမျိုးနွယ်စုတခု ဖြစ်တဲ့ အရှိုချင်းတိုင်းရင်းသားတွေအနေနဲ့  အရှိုချင်းဘာသာစာပေနဲ့ ကွန်ပျူတာ၊ ဖေ့ဘွတ်စ်လူမှုကွန်ရက်တွေမှာ စတင် အသုံးပြုနိုင်တော့မှာ ဖြစ်ပါတယ်။ အရှိုတိုင်းရင်းသားတွေမှာ သီးခြားစာပေနဲ့ သီးခြားစကားရှိပေမယ့် ကွန်ပျူတာနဲ့ မိုဘိုင်းဖုန်းတွေမှာ အသုံးပြုဖို့အတွက် စာလုံးဖောင့် မရှိတာကြောင့် အခက်အခဲတွေ အရင်က ရှိခဲ့ပါတယ်။ အခုချိန်မှာတော့  ခိုင်မာမှုရှိတဲ့ တိုင်းရင်းသားစာပေတွေကို ယူနီကုတ်စနစ်နဲ့ စတင်အသုံးပြုနိုင်ဖို့  အစိုးရက ကူညီပေးတာကြောင့် မကြာခင်မှာပဲ အရှိုချင်းစာပေကို ကွန်ပျူတာနဲ့ စာစီစာရိုက်နိုင်တော့မှာ ဖြစ်တယ်လို့  Myanmar Fonts Creator & Developer ဦးအောင်ဇေယျက ပြောပါတယ်။ လက်ရှိမှာ အရှိုချင်းဘာသာနဲ့ ဖောင့်ကို စတင်အသုံးပြုလို့ရနေပြီး အရှိုချင်း တိုင်းရင်းသားတွေ လေ့လာ အသုံးပြုနိုင်ဖို့ စာအုပ်တအုပ်ထုတ်ဖို့ စီစဉ်နေပါတယ်။ အဲဒီစာအုပ်မှာ အရှိုချင်းအပြင် စကောကရင်၊ ပိုးကရင်၊ ရှမ်း၊ ကယား၊ မွန်ဘာသာစာပေတွေအတွက်ပါ ပူးတွဲပါလာမှာ ဖြစ်တယ်လို့ အရှိုချင်း အမျိုးသားစာပေနှင့် ယဉ်ကျေးမှု ဗဟိုကော်မတီဝင်  ဆလိုင်းကျော်ထွေးက ပြောပါတယ်။ စာအုပ်ထုပ်ဝေပြီးသွားရင်တော့ စာအုပ်ထဲမှာပါတဲ့ အသုံးပြုပုံ၊ အသုံးအနှုန်းတွေနဲ့ အရေးအသား စနစ်တွေကို သုံးစွဲမယ့်သူတွေ သဘောပေါက် နားလည်သွားမှာ ဖြစ်တယ်လို့လည်း အရှိုချင်းစာပေနှင့်ယဉ်ကျေးမှုအဖွဲ့က ပြောပါတယ်။  
Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024