မန္တလေး-ပြင်ဦးလွင် အတက်လမ်းတွင် ကုန်တင်တွဲကား တိမ်းမှောက်
DVB
·
May 6, 2018
မန္တလေး-ပြင်ဦးလွင် အတက်လမ်းမှာ အိမ်ဆောက်ပစ္စည်းတွေ တင်ဆောင်လာတဲ့ ကုန်တင်တွဲကားတစီး မနေ့ညနေ ၄ နာရီကျော်က အရှိန်မထိမ်းနိုင်ပဲ တိမ်းမှောက်ခဲ့ပါတယ်။
ယာဉ်မောင်းဖြစ်သူ ဒဏ်ရာရရှိပြီး အသက်အန္တရယ် စိုးရိမ်စရာမရှိဘူးလို့ သိရပါတယ်။ အခုယာဉ်တိမ်းမှောက်တဲ့နေရာက အဆင်းလမ်းကို ပြုပြင်နေတာကြောင့် အတက်အဆင်းပေါင်းထားတဲ့နေရာဖြစ်ပါတယ်။