တောင်-မြောက် ကိုရီးယားနယ်စပ်ရှိ ဝါဒဖြန့်အသံချဲ့စက်များ ဖယ်ရှား

ဓာတ်ပုံ - EPA
မြောက်ကိုရီးယားဟာ ပန်မွန်ဂျုံ ကြေညာချက်ကို အကောင်ထည်ဖော်တဲ့အနေနဲ့ တောင်ကိုရီးယားနယ်စပ်ရှိ ဝါဒဖြန့် အသံချဲ့စက်တွေကို ဖယ်ရှားခဲ့တယ်လို့ ဒေသမီဒီယာက မေလ ၁ ရက်နေ့မှာ သတင်းထုတ်ပြန်ခဲ့ပါတယ်။ မြောက်ကိုရီးယား ရှေ့တန်းနေရာက အသံချဲ့စက်တွေ ဖယ်ရှားနေတာကို မြင်တွေ့ခဲ့တယ်လို့ အမည်မဖော်လိုသူ တောင်ကိုရီးယား စစ်ဘက်အရာရှိတဦးက ပြောခဲ့တာပါ။ မြောက်ကိုရီးယားဟာ တောင်ကိုရီးယားကို စိတ်ဓာတ်စစ်ဆင်ရေး ဆင်နွှဲတဲ့အနေနဲ့ နှစ်နိုင်ငံနယ်စပ်မှာ ဝါဒဖြန့် အထိုင်အသံချဲ့စက် အခု ၄၀ ကို တပ်ဆင်အသုံးပြုခဲ့တယ်လို့ ဆိုပါတယ်။ အခုအခါမှာတော့ မြောက်ကိုရီးယားဘက်က အဲဒီအသံချဲ့စက်တွေကို ဖယ်ရှားခဲ့သလို တောင်ကိုရီးယားဘက်ကလည်း ဝါဒဖြန့် ရွေ့လျားအသံချဲ့စက် အခု ၄၀ ကို စတင်ဖယ်ရှားနေတယ်လို့ ရိုက်တာသတင်းအရ သိရပါတယ်။

Independent media are under attack by the Myanmar junta. DVB continues reporting the facts, but needs support for the safety of our journalists. You help with any donation. Thank you.

Donate
More News
Up