ယနေ့ မနက် ပေါက်မြို့အနီးတွင် ငလျင်လှုပ်ခတ်

  မကွေးတိုင်းဒေသကြီး၊ ပေါက်မြို့အနီးမှာ ဒီနေ့ မနက် အစောပိုင်းက ရစ်(ခ်ျ)တာ စကေး ၄.၆ အဆင့်ရှိတဲ့ ငလျင်တခု လှုပ်ခတ်ခဲ့တယ် မိုးဇလက ထုတ်ပြန်ပါတယ်။ ဒီနေ့ ဧပြီလ ၃၀ရက်နေ့ မနက် ၀၀ နာရီ ၂၈ မိနစ် ၅၈ စက္ကန့်အချိန်မှာ ညောင်ဦး မြေငလျင်စခန်းမှ အနောက်-အနောက်မြောက်ဘက် မိုင် ၂၀ လောက်ကွာဝေးတဲ့  ပေါက်မြို့ ရဲ့ အရှေ့တောင်ဘက် ၁၆ မိုင်လောက်အကွာ မြောက်လတ္တီတွဒ် ၂၁ .၂၅ ဒီဂရီ၊ အရှေ့လောင်ဂျီတွဒ် ၉၄ .၆၁ ဒီဂရီ၊ အနက်(၅၂)ကီလိုမီတာကို ဗဟိုပြုပြီး အင်အား ရစ်(ခ်ျ)တာ စကေး ၄.၆ အဆင့်ရှိ အင်အားအနည်းငယ်ရှိတဲ့ မြေငလျင်တစ်ခု လှုပ်ရှား သွားခဲ့တာပါ။ အခုလှုပ်ခတ်တဲ့ မြေငလျင်ဟာ ၂၀၁၈ ခုနှစ်အတွင်း မြန်မာနိုင်ငံမှာ ၆၀ ကြိမ်မြောက် လှုပ်ခဲ့တာဖြစ်တယ်လို့ မိုးဇလက ထုတ်ပြန်ပါတယ်။

Independent media are under attack by the Myanmar junta. DVB continues reporting the facts, but needs support for the safety of our journalists. You help with any donation. Thank you.

Donate
More News
Up