မလေးရှားဝန်ကြီးချုပ် ရွေးကောက်ပွဲဝင်ရန် အဆိုပြုလွှာ တင်သွင်း

မလေးရှား ရွေးကောက်ပွဲ ကိုယ်စားလှယ်လောင်းတွေဟာ အထွေထွေ ရွေးကောက်ပွဲမှာ ပါဝင် ရွေးကောက်ခံဖို့ အဆိုပြုလွှာကို တင်သွင်းခဲ့ကြပါတယ်။ မလေးရှားဝန်ကြီးချုပ် နာဂျစ်ရာဇတ်နဲ့ သူ့ဆရာဟောင်းလည်းဖြစ် ၀န်ကြီးချုပ်ဟောင်းလည်းဖြစ်တဲ့ မဟာသီယာမိုဟာမက်တို့ဟာ အထွေထွေရွေးကောက်ပွဲမှာ ပါဝင်ယှဉ်ပြိုင်ဖို့ ဧပြီ ၂၈ ရက်နေ့မှာ အဆိုပြုလွှာတွေတင်သွင်းခဲ့ကြပါတယ်။ နာဂျစ်ဟာ သူ့နယ်ဖြစ်တဲ့ ပါဟန်း ပြည်နယ်ကနေ ၀င်ပြိုင်မှာဖြစ်ပြီး မဟာသီယာကတော့ လန်ကာဝီကျွန်း မဲဆန္ဒနယ်ကနေ ယှဉ်ပြိုင်မှာပါ။ အသက်  ၉၂ နှစ်အရွယ် မဟာသီယာဟာ သာမန်တံငါရွာကလေးအဖြစ်ကနေ ခရီးသွားတွေကို အဆွဲဆောင်နိုင်ဆုံး အပန်းဖြေကျွန်းဖြစ်အောင် သူပြောင်းလဲခဲ့တဲ့ လန်ကာဝီကျွန်းကို ဧပြီလ ၂၈ ရက်နေ့မှာ သွားရောက် မဲဆွယ်ခဲ့ပါတယ်။ လန်ကာဝီကလူတွေ ရွှေထီးဆောင်းခဲ့တယ်လို့ ထင်ခဲ့ကြတဲ့နေ့တွေ ပြန်ရောက်အောင် ကျနော်တို့လုပ်မယ်။ လန်ကာဝီ တိုးတက်ဖို့၊ အလုပ်ဖြစ်အောင်လုပ်နိုင်တဲ့ စိတ်ကူးတွေအများကြီး ကျနော်တို့ဆီမှာရှိတယ်လို့ မဟာသီယာ က ပြောပါတယ်။ လန်ကာဝီမှာနေထိုင်တဲ့ အသက် ၂၁ နှစ်အရွယ် နာ(ဂျ)ဝါကတော့ သူ့အသက်က အဟန့်အတား မဟုတ်ပါဘူး။ သူ့လက်အောက်မှာ သူ့ကိုကူပြီး အလုပ်လုပ်ပေးမယ့်သူတွေ ရှိတာပဲလေ။ ကျနော်တို့ လိုတာက သူ့စိတ်ကူးစိတ်သန်းတွေနဲ့ အတွေ့အကြုံပါလို့ ပြောပါတယ်။ ကျေန်ာက BN ပါတီကိုထောက်ခံတယ်။ သူတို့က ဒီနယ်မှာ တော်တော် လုပ်ပေးထားတယ်။ ဒီက လူတွေအတွက်ရောပေါ့။ တခြားပါတီမလိုတော့ပါဘူး လို့ အာဏာရ ဘာရစ်ဆန်ပါတီကို ထောက်ခံသူ အလီက ပြောပါတယ်။ မလေးရှား အမတ်လောင်းတွေဟာ  မဲဆန္ဒနယ် တခုမကမှာ ပါဝင်ယှဉ်ပြိုင်ခွင့်ရမှာပါ။ ဒါဟာ အာဏာရပါတီက အမတ်လောင်းတွေကို အတိုက်အခံတွေ အားသာတဲ့ မဲဆန္ဒနယ်တွေမှာပါ  ယှဉ်ပြိုင်ခွင့် ရသွားစေလို့ မေလ ၉ ရက် ရွေးကောက်ပွဲဟာ မျှမျှတတမဖြစ်စေဘူးလို့ အတိုက်အခံတွေဘက်က ဝေဖန်နေကြ ပါတယ်။ အတိုက်အခံ ကိုယ်စားလှယ်လောင်း အနည်းဆုံးနှစ်ယောာက်ရဲ့ အဆိုပြုလွှာတွေလည်း ရွေးကောက်ပွဲကော်မရှင်က ပယ်ချခဲ့ပါတယ်။

Independent media are under attack by the Myanmar junta. DVB continues reporting the facts, but needs support for the safety of our journalists. You help with any donation. Thank you.

Donate
More News
Up