နျူကလီးယားလက်နက် အီရန် ရရှိမည်မဟုတ်ဟု သမ္မတထရမ့်ပြော

အီရန်နိုင်ငံဟာ နျူကလီးယားလက်နက်ကို ရရှိမှာမဟုတ်ဘူးလို့ အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်က ဧပြီလ ၂၇ ရက်နေ့မှာ ပြောကြားလိုက်ပါတယ်။ ဒီအတွက် စစ်အင်အားသုံး ဖြေရှင်းသွားမလားဆိုတဲ့ သတင်းထောက်တွေရဲ့ မေးခွန်းကိုတော့ သမ္မတ ထရမ့်က မဖြေချင်ဘူးလို့ ပြောပါတယ်။ ဒါပေမယ့် အီရန်ဟာ နျူကလီးယား လက်နက်တွေထုတ်မှာ မဟုတ်ဘူးဆိုတာ အသေအချာပြောနိုင်တယ်လို့ သမ္မတထရမ့်က ဂျာမနီဝန်ကြီးချုပ် အိန်ဂျလာမာကယ်နဲ့ ပူးတွဲသတင်းစာ ရှင်းလင်းပွဲမှာ ပြောလိုက်တာပါ။ ဂျာမနီဝန်ကြီးချုပ်ကတော့ “လက်ရှိမှာ အီရန်နဲ့ရထားတဲ့ နျူကလီးယား သဘောတူညီချက်ဟာ မပြည့်စုံပေမယ့် အလုပ်ဖြစ်သေးတယ်၊၊ အရေးအကြီးဆုံးက နျူကလီးယားအရေးကို ဖြေရှင်းဖို့ပဲ” လို့ ပြောသွားပါတယ်။ သမ္မတထရမ့်ဟာ အမေရိကန်က အီရန်နိုင်ငံအပေါ် ချမှတ်ထားတဲ့ ပိတ်ဆို့မှုတွေကို ဆက်ပြီး လုပ်၊ မလုပ်ဆိုတာ မေလ ၁၂ ရက်နေ့မှာ ဆုံးဖြတ်ဖို့ ရှိနေပါတယ်။

Independent media are under attack by the Myanmar junta. DVB continues reporting the facts, but needs support for the safety of our journalists. You help with any donation. Thank you.

Donate
More News
Up