Home
မြန်မာသတင်း
ကလေးစစ်သားစုဆောင်းခဲ့သည့် အရာရှိနှင့် စစ်သည် ၄၇ ဦးကို အရေးယူခဲ့
DVB
·
April 28, 2018
  ကလေးစစ်သား စုဆောင်းခဲ့သူ အရာရှိနဲ့ တခြားအဆင့်စစ်သည် ၄၇ ယောက်ကို အရေးယူခဲ့ပြီး ဖြစ်တယ်လို့ အစိုးရ သတင်းစာမှာ ဖော်ပြထားပါတယ်။ အစိုးရရဲ့ ဒုတိယ ၁ နှစ်တာ ကာလအတွင်း ကာကွယ်ရေးဝန်ကြီးရဲ့ ဆောင်ရွက်ချက်တွေ အကြောင်းမှာ ဖော်ပြထားတာပါ။ တပ်မတော်ကို ဝင်ရောက်စဉ် အသက် ၁၈ နှစ် မပြည့်သေးသူတဲ့ စစ်သည်တွေကို နည်းလမ်းမမှန်ဘဲ မှားယွင်းစုဆောင်းလို့ အရာရှိ ၁၀ ယောက်၊ အခြားအဆင့် ၁၇ ယောက်ကို စစ်စည်းကမ်းအရ အရေးယူခဲ့တာ အပါအဝင် ဒီနေ့အချိန်ထိ အရာရှိ ၁၈ ယောက်၊ တခြားအဆင့် ၂၉ ယောက်ကို အရေးယူထားတယ်လို့ ဆိုပါတယ်။ တပ်မတော်ကို ဝင်ရောက်ရာမှာ ၁၈ နှစ်မပြည့်သူတွေ မပါဝင်စေဖို့ အရိုးဓာတ်မှန်ရိုက်တာနဲ့ အသက်အရွယ်ပိုင်းခြားတဲ့ စနစ်ကို သုံးပြီး တပ်သားလောင်း ၄၃၁၅ ယောက်ကို စစ်ဆေးပေးခဲ့ တယ်လို့လည်း ဖော်ပြထားပါတယ်။ ပြီးတော့ ဒီနေ့ အချိန်ထိ အသက် ၁၈ နှစ်မပြည့်ဘဲ တပ်မတော်ထဲ ဝင်ရောက်ခဲ့တဲ့ စစ်သည် ၈၇၇ ယောက်ကို မိဘ အုပ်ထိန်းသူတွေဆီ ပြန်အပ်နှံခဲ့တယ်လို့လည်း ဆိုပါတယ်။ အရွယ်မရောက်သေးသူ ကလေးသူငယ်တွေ စစ်မှုထမ်းတာကနေ ကာကွယ်ဖို့အတွက် အစိုးရ၊ ကုလသမဂ္ဂ မြန်မာနိုင်ငံ စောင့်ကြည့်လေ့လာရေးနှင့် အစီရင်ခံစာ တင်ပြရေး လုပ်ငန်းအဖွဲ့တို့ ပူးပေါင်းဆောင်ရွက်နေတယ်လို့လည်း ဖော်ပြထားပါတယ်။
Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024