Home
မြန်မာသတင်း
မြိုင်မြို့အနီး ရစ်(ခ်)တာစကေး ၃ ဒသမ ၆ အဆင့်ရှိ ငလျင်လှုပ်
DVB
·
April 27, 2018
မကွေးတိုင်းဒေသကြီး မြိုင်မြို့အနားကို ဗဟိုပြုပြီး  ဧပြီ ၂၇ ရက်မနက် ၉ နာရီကျော်မှာ အင်အားရစ်(ခ်)တာစကေး ၃ ဒသမ ၆ အဆင့်ရှိ အင်အားအနည်းငယ်ရှိတဲ့  မြေငလျင်တခု လှုပ်သွားတယ်လို့ မိုးဇလက ထုတ်ပြန်ပါတယ်။ ညောင်ဦးမြေငလျင်စခန်းရဲ့ မြောက်-အနောက်မြောက်ဘက် ၃၅  မိုင်ခန့်ကွာဝေးတဲ့ မြိုင်မြို့ရဲ့ အနောက်မြောက်ဘက် ၉ မိုင်ခန့်အကွာမှာ အနက် ၁၃၀ ကီလိုမီတာကို ဗဟိုပြုပြီး မြေငလျင်တခု လှုပ်ရှားသွားတာလို့ဆိုပါတယ်။ အခု ဧပြီလအတွင်းမှာ အင်အားအနည်းငယ်နဲ့ အင်အားအသင့်အတင့်ရှိတဲ့ ငလျင်တွေ နေ့စဉ်ရက်ဆက်ဆိုသလို လှုပ်ခတ်နေပြီး  ၂၀၁၈ ဇန်န၀ါရီကနေ ဧပြီလအထိ နိုင်ငံတွင်းမှာ ငလျင်အကြိမ်ရေ ၇၀ ကျော် လှုပ်ခဲ့ပြီး ဖြစ်ပါတယ်။ ငလျင်ပြတ်ရွေ့ကြောလှုပ်ရှားတာနဲ့ မြေအောက်ကျောက်ဖျာတွေ ရွေ့လျးတာမြန်လာလို့ ငလျင်လှုပ်တာ များလားတာလို့ ငလျင်ဌာနက လက်ထောက်ညွှန်ကြားရေးမှူး ဒေါက်တာယဉ်မျိုးမင်းထွေးက ဒီဗွီဘီကို ပြောထားပါတယ်။
Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024