အရည်အသွေးညံ့ အလှကုန်တု ကြော်ငြာသည့် နာမည်ကျော်များကို ထိုင်းရဲဆင့်ခေါ်

Magic Skin ကုမ္ပဏီထုတ် အရည်အသွေးညံ့ဖျင်းတဲ့ အလှကုန်ပစ္စည်းတွေနဲ့ ကိုယ်အလေးချိန်ကျ ကုန်ပစ္စည်းတွေကို ကြော်ငြာပေးလို့ အမျိုးသမီးအများစုပါ နာမည်ကျော် ၉ ဦးကို လာမယ့်အပတ် စစ်ဆေးမေးမြန်းဖို့ ရဲတွေက ဆင့်ခေါ်ထားပြီး အမှုပေါင်းများစွာနဲ့ ရင်ဆိုင်နိုင်ရလောက်တယ်လို့ သိရပါတယ်။ နိုင်ငံတော်အဆင့် ဒုရဲချုပ် ဝီရာချိုင်ဆုန်မက်တာက ဧပြီ ၂၆ ရက်နေ့မှာ နာမည်ကျော် ၉ ဦးရဲ့အမည်တွေက အော်နာပါ (မ) ခရစ်စာဒီ၊ အာပင်ယာ (စိုင်ပန်) စာကူဂျာရုန်းဆက် စသူတွေအပါအဝင် အမည် ၉ ခုကို ထုတ်ဖော်ပြာကြားခဲ့ပါတယ်။ သူတို့ ၉ ဦးလုံးကို ရာဇဝတ်နှိမ်နင်းရေးဌာနမှာ မေးခွန်းတွေ မေးမြန်းဖို့ ခေါ်ဆောင်ထားပြီး နာမည်ကျော်တွေအနေနဲ့ ကုန်ပစ္စည်းအတွက် ခွင့်မပြုတဲ့ ကြော်ငြာလုပ်ဆောင်မှုနဲ့အတူ လိမ်ညာပြီးတင်ပြတဲ့ အစားအသောက် အက်ဥပဒေနဲ့ ကုန်ပစ္စည်းတွေကို ရောင်းအားမြှင့်ဖို့ အလှကုန် အက်ဥပဒေကို ချိုးဖောက်ခဲ့တယ်လို့ ဒုရဲချုပ်က ပြောပါတယ်။ ကျူးလွန်သူတွေအနေနဲ့ ပြစ်ဒဏ်အနေနဲ့ ထောင်ဒဏ် ၁ နှစ်အထိ ဒါမှမဟုတ် ဒဏ်ငွေ ဘတ် ၁ သိန်းအထိနဲ့ ဒါမှမဟုတ် ၂ မျိုးစလုံး ကျခံရနိုင်တယ်လို့ သိရပါတယ်။ သူတို့အားလုံး ကွန်ပျူတာစနစ်ထဲမှာ သတင်းမှားတွေ ထည့်သွင်းလို့ ကွန်ပျူတာရာဇဝတ်မှုနဲ့ပါ တရားစွဲခံရနိုင်တယ်လို့ သိရပြီး အဲဒီအတွက် ထောင်ဒဏ် ၅ နှစ်အထိ ဒါမှမဟုတ် ဒဏ်ငွေ ဘတ် ၁ သိန်းအထိ ချမှတ်ခံရနိုင်တယ်လို့ ဒုရဲချုပ်က ပြောပါတယ်။ ပဏမ စစ်ဆေးမှုက ကုန်ပစ္စည်း စစ်ဆေးကြည့်ရှုမှုဖြစ်ပြီး အကယ်၍ နာမည်ကျော်တွေ ဥပဒေချိုးဖောက်တာ သိသာထင်ရှားရင်တော့ ဥပဒေအတိုင်း ဆောင်ရွယ်မယ်လို့လည်း ဒုရဲချုပ်က ပြောပါတယ်။ ကုန်ပစ္စည်းတွေကို စစ်ဆေးသုံးသပ်ဝေဖန်ဖို့ ကုမ္ပဏီတွေက နာမည်ကြီးတွေကို ကိန်းဂဏန်း ၆ လုံး ပမာဏ ငွေကြေးပေးရပြီး သက်သေတွေအရ ၅၉ ဦးသော နာမည်ကြီးတွေနဲ့ အနုပညာရှင်တွေက အထက်ပါအတိုင်း ရရှိဆောင်ရွက်လို့ ထိုင်းဘတ်ငွေ သန်း ၁၀၀ ပမာဏခန့် ပျက်စီးဆုံးရှုံးကာ သုံးစွဲသူ ၅၀၀ လောက် သက်ရောက်ခံစားခဲ့ရပါတယ်။ အဲဒီနောက် အက်ပဲလ်စလင်းမ် (Apple Slim)၊ စလင်းမ်မစ်က် (Slim Milk)၊  စနိုး မစ်က် (Snow Milk)၊ ဖန်း (Fern)၊ မက်ဂျစ် (Magic Skin)၊ ရှင်နိုရှီ (Shinoshi)၊ ထရီးချာဒါ (Treechada) နဲ့ မက်ဇို (Mezzo) အမည်နဲ့ ကုန်ပစ္စည်းတွေနဲ့အတူ Magic Skin ကုမ္ပဏီထုတ် ကုန်ပစ္စည်းတွေကို ရောင်းချပေးခဲ့တဲ့ လူ ၈ ဦးကို ဖမ်းဆီးမိပြီးတဲ့နောက် ပထုန်ဌာနီ ကလုန်လူရန်ခရိုင်မှာရှိတဲ့ စက်ရုံကို ရဲတွေက ရှောင်တခင် ဝင်ရောက် စစ်ဆေးခဲ့တာပါ။ ဒီကုန်ပစ္စည်းတွေကို အက်ဖ်ဒီအေ လတ်မှတ်အတု ဒါမှမဟုတ် မှားယွင်းနေတဲ့ လက်မှတ်တွေနဲ့ ထုတ်လုပ်ရောင်းချခဲ့တာဖြစ်ပြီး စလင်းမ်မစ်က်နဲ့  စနိုးမစ်က်ကုန်ပစ္စည်းတွေထဲမှာ နို့မုန့်တွေသာ ပါဝင်တာလို့ ဒုရဲချုပ် ဝီရာချိုင်ကပြောကြောင်း ဘန်ကောက်ပို့စ်သတင်းမှာ ဖော်ပြထားပါတယ်။

Independent media are under attack by the Myanmar junta. DVB continues reporting the facts, but needs support for the safety of our journalists. You help with any donation. Thank you.

Donate
More News
Up