ဂျရတ်၏ ညီဝမ်းကွဲကို လီဗာပူးအသင်း ခေါ်ယူ

လီဗာပူးအသင်းဟာ ဂျရတ်ရဲ့ဝမ်းကွဲညီတော်စပ်သူ ဘော်ဘီ ဒမ်ကမ်ကို မန်စီးတီးအသင်းကနေ စာချုပ် ခေါ်ယူလိုက်ပါတယ်။ အသက် ၁၆ နှစ်ပဲ ရှိသေးတဲ့ ဘော်ဘီဒမ်ကမ်ဟာ မန်စီးတီးအကယ်ဒမီမှာ အသက် ၆ နှစ်ကတည်းက ရောက်ရှိနေတာဖြစ်ပါတယ်။ အင်္ဂလန်ယူ ၁၇ လက်ရွေးစင်ကစားသမားတဦးလည်းဖြစ်တဲ့  ဒမ်ကမ်ဟာ ဘရာဇီးလူငယ်အသင်းကို ဟတ်ထရစ်ဂိုး သွင်းယူဖူးတဲ့ ပထမဆုံး အင်္ဂလန်ကစာသမားအဖြစ် မှတ်တမ်းဝင်ထားတာပါ။ လီဗာပူးယူ ၁၈ အသင်းကို ကစားသမားဟောင်း  စတီဖင်ဂျရတ်က နည်းပြချုပ်အဖြစ် တာဝန်ယူကိုင်တွယ်နေတာကြောင့် ဒမ်ကမ်အနေနဲ့ သူ့ရဲ့ ၀မ်းကွဲအကို ဂျရတ်နဲ့အတူ လက်တွဲရတော့မှာလည်းဖြစ်ပါတယ်။ လီဗာပူးအသင်းဟာ ဒမ်ကမ်အတွက် လျော်ကြေးအဖြစ် ပေါင်နှစ်သိန်းဝန်းကျင် ပေးခဲ့ရတယ်လို့ ဆိုပါတယ်။ လီဗာပူးအသင်းဟာ  အင်္ဂလိပ်လူငယ်ကစားသမားတွေကို ခေါ်ယူခွင့် ပိတ်ပင်ခံထားရ လို့ လာမယ့်နွေရာသီအပြောင်းအရွှေ့ကျမှာ အပြီးသတ်ခေါ်ယူနိုင်မှာဖြစ်ပါတယ်။

Independent media are under attack by the Myanmar junta. DVB continues reporting the facts, but needs support for the safety of our journalists. You help with any donation. Thank you.

Donate
More News
Up