Home
မြန်မာသတင်း
ရန်ကုန်သင်္ကြန်အကျနေ့ ခါးပိုက်နှိုက် ၁၃ မှု ဖမ်းဆီးမိ
DVB
·
April 15, 2018
ဧပြီ ၁၄ ရက်၊ သင်္ကြန်အကျနေ့က ရန်ကုန်တိုင်းမြို့နယ် ၃ ခုက ခါးပိုက်နှိုက်မှု ၁၃ မှု ဖမ်းဆီးရမိခဲ့တယ်လို့ ရန်ကုန်တိုင်း ရဲတပ်ဖွဲ့က ထုတ်ပြန်ပါတယ်။ ရေကစားမဏ္ဍပ်တွေမှာ ရေကစားနေသူတွေဆီက ခါးပိုက်နှိုက်ယူနေတုန်း ဖမ်းဆီးနိုင်ခဲ့တာလို့ ဆိုပါတယ်။ ကျောက်တံတားမြို့နယ်မှာ ၂ မှု၊ လသာမြို့နယ်မှာ ၁၀ မှု၊ လှိုင်သာယာမြို့နယ်မှာ ၁ မှု ဖမ်းဆီးနိုင်ခဲ့တယ်လို့ ဆိုပါတယ်။ ပြစ်မှုကျူးလွန်သူတွေကို သက်ဆိုင်ရာ ရဲစခန်းတွေမှာ အမှုအသီးသီးဖွင့်ပြီး အရေးယူ ဆောင်ရွက်နေတယ်လို့လည်း ထုတ်ပြန်ထားပါတယ်။
Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024