ဓာတ်လိုက်နေသည့် မိခင်ကို သားဖြစ်သူ ၀င်ကယ်ရာမှ ၂ ဦးလုံးသေဆုံး
DVB
·
April 8, 2018
ဖျာပုံမြို့နယ်မှာ ဓာတ်ကြိုးပြတ်ကျကာ မိခင်ဖြစ်သူ ဓာတ်လိုက်တာကို သားဖြစ်သူက ၀င်ရောက်ကယ်တင်ရာမှ သားအမိ ၂ ဦးလုံး သေဆုံးသွားပါတယ်။
ဖျာပုံမြို့နယ် သမိန်ထော သိမ်ကုန်း ကျေးရွာနေ ဒေါ်××××× ၄၀ နှစ်ရဲ့ ခြံဝင်းပေါ် ဖြတ်သန်း သွယ်တန်းထားတဲ့ ဗို့အား ၁၂၀၀၀ ရှိ ဖျာပုံ-ကျုံကဒွန်း ဓာတ်အားလိုင်း ဓာတ်ကြိုး ၃ ချောင်းအနက် တချောင်း ထန်းပင်နဲ့ ထိပြီး ရှော့ဖြစ်ကာ မီးပွားများထွက်နေလို့ ဒေါ်×××××က ထွက်ကြည့်စဉ် ဓာတ်ကြိုးပြတ်ကျပြီး ခြေထာက်အား ဓာတ်လိုက်ကာ မီးလောင်ခဲ့တယ်လို့ ဆိုပါတယ်။
မိခင်ဖြစ်သူ ဓာတ်လိုက်နေတာကို သားဖြစ်သူ ××××× ၁၂ နှစ်က ပြေးဆွဲ ကယ်တင်ရာမှ ၂ ဦးလုံး ဓာတ်လိုက် သေဆုံးသွားခဲ့တယ်လို့ ပြည်ထဲရေးသတင်းမှာ ဖော်ပြပါတယ်။
အလောင်းတွေကို ဖျာပုံမြို့ ကနိတိုက်နယ်ဆေးရုံကို တင်ပို့ခဲ့ပြီး ကျုံကဒွန်းနယ်မြေရဲစခန်းက သေမှုသေခင်းအမှတ်စဉ် (၂/၂၀၁၈) နဲ့ ရေးဖွင့်စစ်ဆေးနေကြောင်း သိရပါတယ်။