လီဗာပူး သရေကျပြီး စပါး အနိုင်ရရှိခဲ့သည့် ပရီးမီးယားလိဂ်ပွဲစဉ်များ (ရုပ်သံဟိုက်)

မနေ့ညက ယှဉ်ပြိုင်ကစားခဲ့ကြတဲ့ ပရီးမီးယားလိဂ်ပွဲစဉ်တွေမှာ လီဗာပူးအသင်း သရေကျပြီး စပါးက အနိုင်ရရှိသွားပါတယ်။ ဒီတပတ်ရဲ့ အစောဆုံးပွဲစဉ်အဖြစ် ယှဉ်ပြိုင်ကစားခဲ့တဲ့ လီဗာပူးနဲ့ အဲဗာတန်တို့ပွဲဟာ မာဆေးဆိုဒ်ဒါဘီ ပြိုင်ဘက်တွေဖြစ်တာနဲ့အညီ ပွဲကောင်းတပွဲ ဖြစ်ခဲ့ပါတယ်။ လီဗာပူးအသင်းက ဒဏ်ရာအနည်းငယ်ရှိတဲ့ အဓိကကစားသမား ဆာလက်ခ်ျကို မပါဝင်နိုင်ခဲ့တာကြောင့် တိုက်စစ်ပိုင်း အားနည်းခဲ့ပါတယ်။ ဒုတိယပိုင်းမှာ အဲဗာတန်အသင်းက အခွင့်အရေးတွေ ပိုမိုရခဲ့ပြီး တိုက်စစ်မှူး ဆန့်တော့ဆန် အဆုံးသတ်မကောင်းခဲ့တာကြောင့် သရေရလဒ်ပဲ ရခဲ့တာပါ။ စပါးအသင်းကတော့ တန်းဆင်းဇုန်ထဲက စတုတ်စီးတီးအသင်းရဲ့အိမ်ကွင်းမှာ ၂-၁ ဂိုးနဲ့ အနိုင်ရရှိခဲ့တာလည်ဖြစ်ပါတယ်။ တန်းဆင်းဇုန်ထဲက လွတ်မြောက်မြောက်ရေး ကြိုးစားရုန်းကန်နေရတဲ့ စတုတ်အသင်းဟာ စပါးကို အပြန်အလှန် ထိုးဖောက်ကစားခဲ့ပေမယ့် အဲရစ်ဆန်ရဲ့ ၅၂ နဲ့ ၆၃ မိနစ် သွင်းဂိုး ၂ ဂိုးနဲ့ ရှုံးနိမ့်ခဲ့ရတာ ဖြစ်ပါတယ်။ စတုတ်စီးတီးအသင်းအတွက် တလုံးတည်းသော ချေပဂိုးကိုတော့ ပွဲချိန် ၅၇ မိနစ်မှာ ဒီအော့ဖ်က သွင်းယူခဲ့တာပါ။ ပရီးမီးယားလိဂ် အမှတ်ပေးဇယားမှာတော့ လီဗာပူအသင်းက ၃၃ ပွဲ ရမှတ် ၆၇ မှတ်နဲ့ အဆင့် ၃၊ စပါးက ၃၂ ပွဲကစား ၆၇ မှတ်နဲ့ အဆင့် ၄ မှာ ရပ်တည်နေပါတယ်။ အဲဗာတန်အသင်းကတော့ ၃၃ ပွဲကစား ၄၁ မှတ်နဲ့ အဆင့် ၉၊ စတုတ်စီးတီးအသင်းကတော့ ၃၃ ပွဲကစား ရမှတ် ၂၂ မှတ်နဲ့ တန်းဆင်းဇုန် ဒုတိယနေရာမှာ ရပ်တည်နေပါတယ်။

Independent media are under attack by the Myanmar junta. DVB continues reporting the facts, but needs support for the safety of our journalists. You help with any donation. Thank you.

Donate
More News
Up