Live
Home
မြန်မာသတင်း
ရခိုင် ထိပ်ပိုင်းရဲအရာရှိများကို ပြောင်းရွှေ့ရန် အမိန့်ထုတ်ပြန်
DVB
·
April 6, 2018
ရခိုင်ပြည်နယ် မြို့နယ်အသီးသီးက ထိပ်ပိုင်းရဲအရာရှိ ၁၅ ဦးထက်မနည်း ပြောင်းရွှေ့ဖို့ အမိန့်စာ ထုတ်ပြန်ထားတယ်လို့ အမည်မဖော်လိုသူရဲအရာရှိတဦးက ဒီဗွီဘီကိုပြောပါတယ်။ အဲ့ဒီပြောင်းရွှေ့ဖို့ အမိန့်စာထုတ်ပြန်ခံထားရတဲ့ ရဲအရာရှိသူတွေကတော့ ရဲမှူးအဆင့်ရှိ ရဲအရာရှိပါသလို ဒုတိယ ရဲမှူးအဆင့်ရှိ ရဲအရာရှိတွေပါဝင်ပြီး ရခိုင်ပြည်နယ်၊ စစ်တွေ၊ ပေါက်တော မင်းပြား၊ မြေပုံ၊ ပုဏ္ဏားကျွန်း၊ ရမ်းဗြဲ စတဲ့မြို့နယ်တွေက ရဲအရာရှိတွေ ပါဝင်တယ်လို့ ဆိုပါတယ်။ အမည်မဖော်လိုသူ ရဲအရာရှိက “ရခိုင်ပြည်နယ်ဖြစ်နေတဲ့ ပြဿာနာတွေကြောင့်ဖြစ်မယ်။ နောက်ပြီး အေအေနဲ့ဖြစ်နေတဲ့ အကြောင်းအရာတွေလည်းလည်း ပါနိုင်မယ်။ ဒီအမိန့်စာက ကျနော်တို့ဆီကို ဗြုန်းစားကြီး ရောက်လာတာ။ အရာရှိက ရဲမှူးက ၅ ယောက်၊ ဒုရဲမှူးက ၁၅ ယောက်၊ ရခိုင်တပြည်နယ်လုံးပေါ့နော်၊ အဲ့ဒီ ၂၀ စလုံးက ရခိုင်တိုင်းရင်းသား ရဲအရာရှိတွေပဲ၊ ပြည်နယ်နဲ့ တိုင်းတွေပါတယ်။ အဲဒီမှာ ရှင်းပြည်နယ်၊ ဧရာဝတီတိုင်း၊ မကွေးတို့၊ ရေနံမြေ၊ သစ်တော ဌာနတွေပါတာပေါ့” လို့ဒီဗွီဘီကိုပြောပါတယ်။ အခုလိုပြောင်းရွှေ့ဖို့ အမိန့်စာတရပ် ထုတ်ပြန်တာဟာ ရခိုင်ပြည်နယ်မှာ မငြိမ်မသတ်မှုတွေကြောင့် ပြောင်းရွှေ့ဖို့ အမိန်စာထုတ်ပြန်တာ ဖြစ်နိုင်တယ်လို့ပြောပါတယ်။ ရခိုင်ပြည်နယ်ရဲမှူးကြီး အောင်မြတ်မိုးကတော့ အခုလိုပြောင်းရွှေ့တာဟာ ပုံမှန်ပြောင်းရွှေ့ တာဖြစ်ပြီး သတ်မှတ်ကာလတွေမှာ ပြောင်းရွှေ့တာဖြစ်တယ်လို့ ဒီဗွီဘီကိုပြောပါတယ်။ “တနှစ်ကို ကျနော်တို့ သတ်မှတ်ကာလပေါ့။ တချို့လည်း ၁ နှစ်ပေါ့၊ တချို့လည်း ၂ နှစ်ပေါ့။ သတ်မှတ်ကာလပြည့်ရင် ၁၀ စာမေးပွဲဖြေပြီးတဲ့အချိန် ၃ လပိုင်း၊ ၄ လပိုင်းအချိန်လေး မှာ အပြောင်းအရွှေ့လုပ်ပါတယ်။ အနေကြာပြီး သတ်မှတ်ကာလပြည့်တဲ့ ရဲမှူးအဆင့် ၅ ယောက်ပေါ့နော်၊ ဒုတိယရဲမှူးအဆင့်က ၁၁ ယောက်ပေါ့နော်။ မြန်မာနိုင်ငံရဲတပ်ဖွဲ့ဌာနချုပ်ရဲ့ အစီအမံနဲ့ ပြောင်းရွှေ့တာရှိပါတယ်။ ဟိုလိုကြီးတော့ တခြားအကြောင်း ကိစ္စတွေရှိလို့ ပြောင်းတာတော့ မရှိပါဘူး” လို့ပြောပါတယ်။” အခုလို ပြောင်းရွှေ့ဖို့ အမိန့်စာတရပ်ကို မတ်၂၁ ရက်နေ့ ရက်စွဲနဲ့ ထုတ်ပြန်ခဲ့တာဖြစ် တယ်လို့ ရခိုင်ပြည်နယ် ရဲမှူးကြီး အောင်မြတ်မိုးက ဒီဗွီဘီကိုပြောပါတယ်။

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024