ဆုတံဆိပ်ရ အားကစားသမားများကို စစ်ကိုင်းတိုင်းအစိုးရ ဂုဏ်ပြု

၂၀၁၇ တိုင်းနဲ့ပြည်နယ် အားကစားပြိုင်ပွဲတွေမှာ ဆုတံဆိပ်တွေနဲ့ တံခွန်စိုက်ဒိုင်းတွေ ရရှိအောင် စွမ်းဆောင်နိုင်ခဲ့ကြတဲ့ စစ်ကိုင်းတိုင်း ကိုယ်စားပြု အားကစားသမားတွေနဲ့ နည်းပြတွေကို ဧပြီ ၆ ရက်က မုံရွာမြို့ မြို့တော်ခန်းမမှာ ဂုဏ်ပြုခဲ့ပါတယ်။ ဒီအခမ်းအနားကို စစ်ကိုင်းတိုင်းဒေသကြီးလွှတ်တော် ဒုဥက္ကဋ္ဌ ဦးဘိုသန်းညွန့်၊ တိုင်းအစိုးရအဖွဲ့ လူမှုရေးဝန်ကြီး ဒေါက်တာဇော်ဝင်း၊ ရှမ်းတိုင်းရင်းသားရေးရာဝန်ကြီး ဒေါ်မွှေးမွှေးခင်နဲ့ လွှတ်တော်ကိုယ်စားလှယ်တွေနဲ့ အားကစားသမားတွေ တက်ရောက်ခဲ့ကြပါတယ်။ တိုင်းလူမှုရေးဝန်ကြီးက “အားကစားကဏ္ဍပိုမို ဖွံ့ဖြိုးတိုးတက်လာစေရေးအတွက် တိုင်းအစိုးရအနေနဲ့လည်း ဘတ်ဂျက်ခွဲဝေကာ နှစ်စဉ် တိုးတက်လုပ်ဆောင်ပေးနေပြီး တခရိုင် ကျပ်သိန်း ၁၀၀၊ တမြို့နယ် ကျပ်သိန်း ၁၀၀နဲ့ အားကစားရုံ၊ အားကစားကွင်းတွေလည်း ဖော်ဆောင်ပေးနေပါတယ်။ ပြည်သူတွေ လွယ်လင့်တကူ အားကစားလုပ်နိုင်အောင် Outdoor Fitness တွေကိုလည်း မြို့နယ် ၂၆ မြို့နယ်မှာ အစုံ ၉၃ စုံထိ တပ်ဆင်ပေးထားပါတယ်။ အားကစားမှာ ယခုထက် ပိုမိုအောင်မြင်အောင် ကြိုးစားပေးကြပါ"လို့ တိုက်တွန်းပါတယ်။ ပြီးခဲ့တဲ့ ၂၀၁၇ ခုနှစ် တိုင်းနဲ့ ပြည်နယ် အားကစားပြိုင်ပွဲတွေမှာ စစ်ကိုင်းတိုင်း အားကစားအဖွဲ့အနေနဲ့ အားကစားနည်း ၂၁ မျိုးထဲက ရွှေ ၂၁ဆု၊ ငွေ ၃၁ ဆု၊ ကြေး ၄၂ ဆု စုစုပေါင်း ၉၄ ဆု ရရှိခဲ့ပါတယ်။ ဒါ့အပြင် အမျိုးသမီးဘက်စကတ်ဘော၊ အမျိုးသမီးမြန်မာ့သိုင်း၊ လူသစ်တန်း အမျိုးသားလက်ဝှေ့နဲ့ အမျိုးသားဂေါက်သီးတွေမှာလည်း တံခွန်စိုက်ဒိုင်းဆုတွေလည်းရရှိခဲ့ကာ တိုင်းနဲ့ ပြည်နယ် ၁၅ ခုမှာ အဆင့် ၇ ရရှိခဲ့ပါတယ်။ ဆုရရှိသူတွေကို တိုင်းဒေသကြီးအစိုးရအဖွဲ့က ငွေကျပ် ၂၄၉ သိန်း ၅ သောင်း ဆုချီးမြှင့် ပေးအပ်ခဲ့ပါတယ်။

Independent media are under attack by the Myanmar junta. DVB continues reporting the facts, but needs support for the safety of our journalists. You help with any donation. Thank you.

Donate
More News
Up