Home
မြန်မာသတင်း
မန္တလေးစက်မှုဇုန် စွန့်ပစ်ရေဆိုးကိစ္စ လွှတ်တော်တွင်ဆွေးနွေး
DVB
·
April 5, 2018
  မန္တလေးမြို့ စက်မှုဇုန်မှ ရေဆိုးစွန့်ပစ်တဲ့အတွက် မန္တလေးစည်ပင်သာယာရေးကော်မတီ ရေပေးရေးနဲ့ အညစ်ကြေးသန့်စင်မှုဆိုင်ရာ နည်းဥပဒေတွေအတိုင်း လုပ်ဆောင်ဖို့အစီအစဉ်ရှိ မရှိ အမရပူရ လွှတ်တော်ကိုယ်စားလှယ်က ဒီနေ့ မန္တလေးတိုင်းလွှတ်တော် အစည်းအဝေးမှာ မေးမြန်းခဲ့ပါတယ်။ မန္တလေးမြို့တော်ဝန်က ရေဆိုးသန့်စင်ဖို့တင်ဒါပေးခဲ့တဲ့ ကုမ္ပဏီဟာ ၂၀၁၅မှာ စီမံကိန်း လုပ်ပိုင်ခွင့်ရခဲ့ပါတယ်၊ ရင်းနှီးမြှုပ်နှံမှုတန်ဖိုးနဲ့ မြေဧကလိုအပ်ချက်ကြောင့် ၂၀၁၆မှာ ပြင်ဆင်စာချုပ်ချုပ်ခဲ့တယ်။ ဒါပေမယ့် လုပ်ငန်းဆောင်ရွက်နေစဉ် ၃၀ ရာခိုင်နှုန်းအပြီးမှာ ဒီဇိုင်းနဲ့ပတ်သက်ပြီး ၃ ကြိမ် ဆွေးနွေးခဲ့ပါသေးတယ်။ မြေသားကန်အစား ကွန်ကရစ်နဲ့ တည်ဆောက်သွားဖို့နဲ့ မြန်မာနိုင်ငံ ရင်းနှီးမြှုပ်နှံမှုကော်မရှင်ခွင့်ပြုချက်ရပြီးရင် စီမံကိန်းကို ဆက်လက်အကောင်ထည်ဖော်မှာ ဖြစ်ပါတယ်။ စီမံကိန်းကာလက ၁ နှစ် ၆ လကြာမှာဖြစ်ပါတယ်။ ဒါပြီးမှ စက်မှုဇုန် ရေဆိုးသန့်စင်စက်ရုံအတွက် အကောင်ထည်ဖော်နိုင်မှာဖြစ်ပါတယ်လို့လည်းဆိုပါတယ်။ ၂၀၁၆-၁၇ ဘဏ္ဍာရေးနှစ် ဘဏ္ဍာငွေအရသုံးစာရင်းနဲ့ လုပ်ငန်းအကောင်ထည်ဖော် ဆောင်ရွက်မှု စစ်ဆေးတွေ့ရှိချက် အစီရင်ခံစာနဲ့ စပ်လျဉ်းပြီးလည်း ဒီကနေ့ လွှတ်တော်မှာ  လွှတ်တော်ကိုယ်စားလှယ် ၈ ဦးက ဆွေးနွေးကြပါတယ်။
Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024