Home
မြန်မာသတင်း
ရှမ်းပြည်နယ်တွင်​ မြေမြှုပ်​မိုင်းကြောင့် ​ဒေသခံပြည်​သူများ ထိခိုက်​သေဆုံးမှုပိုများလာနေ
DVB
·
April 5, 2018
  ရှမ်းပြည်​နယ်မှာ ၂၀၁၇ ခုနှစ်​ကစတင်​ပြီး တိုက်​ပွဲတွေ ပိုမိုပြင်းထန်​လာ​နေပြီး တိုက်​ပွဲအတွင်း လက်​နက်​ကိုင်​အဖွဲ့အစည်းတွေက ​မြေမြှုပ်​မိုင်း ပိုမိုသုံးစွဲလာ​တဲ့အတွက်​ ​ဒေသခံပြည်​သူတွေ ထိခိုက်​ဒဏ်​ရာရ ​သေဆုံးမှုတွေလည်း ပိုများလာနေတယ်လို့ ဒေသခံ အရပ်ဖက် အဖွဲ့စည်းတွေကပြောပါတယ်။ ဧပြီ၎ ရက်​​မှာ ကျ​ရောက်​တဲ့ နိုင်​ငံတကာမိုင်းလှုပ်ရှားမှု​နေ့ အခမ်းအနားကို ကွတ်​ခိုင်​မြို့မှာ တအာင်း ​ကျောင်းသားများနဲ့ လူငယ်​အဖွဲ့​တွေက ဦးစီးဦး​ဆောင်​ ပြုလုပ်​ခဲ့ပြီး အခမ်းအနားမှာ မိုင်းထိလူနာတွေရဲ့ ကိုယ်​​တွေ့ဖြစ်​ရပ်​တွေ၊ မိုင်းအသိပညာ​ ဟော​ပြောပွဲ၊ ပြဇာတ်​၊ ရိုးရာအက​တွေ ပါဝင်​ပြီး လူဦး​ရေ ၁၅၀ တက်​​ရောက်​ခဲ့ကြပါတယ်​။ ပွဲစီစဉ်​​ဆောင်​သူတဦးဖြစ်​တဲ့ ​လွေး​အေး​ထွေးက "ခုတ​လော တိုက်​ပွဲ​တွေ ပြင်းထန်​လာတယ်​။ ပြီး​တော့ မိုင်း​ကြောင့်လည်း လူထု​တွေ ခဏခဏ ထိခိုက်​လာ​နေတယ်​။ အဲဒါကြောင့် ဒီလိုပွဲ​တွေ လုပ်​ပြီး​တော့ မိုင်း​ကြောင့် လူထု​တွေ ဘယ်​​လောက် ​ခံစား​နေရတာလဲ ဆိုတာ လက်​နက်​ကိုင်​​တွေကို သိ​စေချင်​တယ်​။ အဲဒါမှ သူတို့​တွေ မိုင်းအသုံးပြုတာ​တွေ ​လျှော့လာမယ်​။ ပြီး​တော့ သူတို့ကိုယ်​တိုင်​ လူထုကို မိုင်းအသိပညာ​ပေးတာ​တွေ လုပ်​လာမယ်​"လို့ ​ပြောပါတယ်။ တအာင်း​ ကျောင်းသားတွေနဲ့ လူငယ်​အဖွဲ့အစည်းရဲ့ ၂၀၁၇ ခုနှစ်စာရင်းအရ မြေမြှုပ်မိုင်းကြောင့် ​ဒေသခံ ၄၃ ဦးထိခိုက်​ခဲ့ပြီး စာရင်းမရ​သေးတဲ့ လူဦး​ရေတွေလည်း ရှိ​နေ​ကြောင်း ​လွေး​အေး​ထွေးက ဆက်​​ပြောပါတယ်​။ ပြီးခဲ့တဲ့ ၂၀၁၇ ခုနှစ်မှာ မိုင်းနဲ့ ​စစ်​ကျန်​​ပေါက်​ကွဲ​စေတတ်​တဲ့ ပစ္စည်းတွေကြောင့် ​သေဆုံးသူ​ ၃၃၇ ယောက်ရှိပြီး အများအပြားထိခိုက်​ဒဏ်​ရာရခဲ့​ကြောင်း အဲဒီထဲက ရှမ်းနဲ့ ကချင်​မှာ အများဆုံးဖြစ်ေ​ကြာင်း ယူနီဆက်​က ထုတ်​ပြန်​ထားပါတယ်​။ သတင်း - မိုင်းအနိုင်
Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024