မြောင်းမြကြိုးတံတားပြတ်ကျရာတွင် ပါသွားသည့်ကုန်ကားကို ဆယ်ယူရရှိ
DVB
·
April 4, 2018
မြောင်းမြကြိုးတံတားပြတ်ကျရာမှာပါသွားတဲ့ ကုန်ကားကို ဆယ်ယူရရှိခဲ့ပေမယ့် ပျောက်ဆုံးနေတဲ့ ယာဉ်နောက်လိုက်ရဲ့အလောင်းကိုတော့ ရှာဖွေတွေ့ရှိခြင်း မရှိသေးပါဘူး။
ရေထဲမှာနစ်မြုပ်နေတဲ့ကားကို ဒီကနေ့ ဧပြီ ၄ရက် မနက် ၉ နာရီလောက်ကထဲက ကယ်ဆယ်ရေးအဖွဲ့က ဆယ်ယူဖို့ကြိုးစားခဲ့တာဖြစ်ပြီး မွန်းလွဲ ၁ နာရီဝန်းကျင်မှာ ဆယ်ယူနိုင်ခဲ့ပါတယ်။
ပျောက်ဆုံးနေတဲ့ ယာဉ်အကူရဲ့အလောင်းကို ကားထဲမှာရှာဖွေခဲ့ပေမယ့်လို့ မတွေ့ခဲ့ဖူးလို့ ရှာဖွေရေး အဖွဲ့ခေါင်းဆောင် မြို့နယ်မီးသတ်ဦးစီးမှူး ဦးသန့်ဇင်မင်းကပြောပါတယ်။
ဧပြီ ၁ ရက်မနက်က မြောင်းမြ မြစ်ကူးကြိုးတံတားကြီး ရွေးမြစ်ထဲကို ပြတ်ကျသွားရာမှာ ခြောက်ဘီးကုန်တင်ယာဉ်နဲ့အတူ ယာဉ်မောင်း မဲကြီး(ခ)သန့်ဇော်ထိုက်နဲ့ ယာဉ်နောက်လိုက်တဦးတို့ မြစ်ထဲသို့ ပြုတ်ကျ သေဆုံးသွားခဲ့တာဖြစ်ပြီး ယာဉ်မောင်း ကိုသန့်ဇော်ထိုက်ရဲ့အလောင်းကိုတော့ ရှာဖွေ့တွေ့ရှိထားပါတယ်။
ဓာတ်ပုံ- သော်ဇင်မျိုး- ရဲဝင့်သူ