Home
မြန်မာသတင်း
ခြေလှမ်း ၁ သောင်း လမ်း​လျှောက်​ပြိုင်​ပွဲ မန္တလေးမြို့တွင် ကျင်းပမည်
Aung Aung Naing
·
April 3, 2018
မိမိကိုယ်​ကိုယ်မိမိ စိန်​​ခေါ်ယှဉ်​ပြိုင်​ရတဲ့ ​ခြေလှမ်း​​ပေါင်း ၁၀,၀၀၀ လမ်း​လျှောက်​ပြိုင်​ပွဲ မန္တ​လေးမြို့မှာ ပထမဦးဆုံး ကျင်းပမှာ ဖြစ်ပါတယ်။ လာမယ့် ဧပြီ ၂၈ ရက်​​ကစပြီး လ တလရဲ့ ​နောက်​ဆုံးပတ်​ စ​နေ​နေ့မှာ ​ခြေလှမ်း ၁၀,၀၀၀ ကို  သုံးလ​ သုံးကြိမ်​လျှောက်​တဲ့ လမ်းလျှောက် ကမ်​ပိန်း​ လှုပ်ရှားမှုကို ​ပြု​လုပ်​သွားမှာပါ။ မိမိကိုယ်​ကိုယ် ယှဉ်​ပြိုင်​ရတဲ့ပွဲမျိုးဖြစ်​ပြီး ​ပေးထားတဲ့အချိန်​ ၂ နာရီအတွင်း ​ခြေလှမ်း ၁၀,၀၀၀ ပြည့်အောင်​​ လျှောက်​ကြရမှာပါ။ ​ခြေလှမ်း​ပေါင်း ၂၀၀၀ ​​ရောက်​တဲ့​နေရာ​တွေမှာ နား​နေ​ဖို့နဲ့အတူ နာကျင်​မှုရှိတဲ့သူ​တွေအတွက်​ ဂါလီဂါအ​ကြော​ပြေလိမ်း​ဆေး၊ ဓာတ်​ဆား​ရည်နဲ့အတူ သူနာပြုတွေကိုလည်း စနစ်​တကျစီစဉ်​ထားပြီး ယာဉ်အန္တရာယ် ​စိတ်​ချရဖို့ မန္တ​လေး ယာဉ်​ထိန်းဌာနနဲ့အတူ မန္တလေးမြို့​တော်​စည်ပင်​သာယာနဲ့ ပူး​ပေါင်း​ဆောင်​ရွက်​သွားမှာ ဖြစ်​ပါတယ်​။ ပွဲစီစဉ်​သူတဦးက “အခုလာမယ့် ဧပြီ ၁၀ ရက်​​နေ့ကစတင်​ပြီး ဘုတ်​​တွေ ​ထောင်​သွားမယ်​။ ​ဖောင်​​တွေ ဖြည့်ရပါမယ်​။ လူသန့်​ချင်​တာ​ကြောင့် ဒီ ၃ ကြိမ်​စလုံးမှာ ၅၀၀၀ ​သွင်းရမှာ ဖြစ်​တယ်​။ ကျမ​တို့က နက်ပြာေ​ရာင်​ တူညီဝတ်​စုံ​လေး​တွေ ပြန်​ပေးမှာ ဖြစ်​တယ်​။ ​လျှောက်​မယ့်သူ​တွေကို လူဦး​ရေ ၁၅၀၀ သတ်​မှတ်ထားပြီး အဲဒီကတည်းကမှ ၃ ကြိမ်​လုံး ဝင်​​လျှောက်​မယ့်သူ ၃ ကြိမ်​လုံးမှာမှ ပထမဦးဆုံး ပန်းဝင်​တဲ့သူ ပထမဦးဆုံး​ခြေလှမ်း ၁၀၀၀၀ ပြည့်တဲ့လူ ၈၀၀ ကို​တော့ အမှတ်​တရအ​နေနဲ့ ၁ သောင်းခွဲတန်​တဲ့ ဆွဲပြား​လေး​တွေ​ ပေးသွားမှာ ဖြစ်​တယ်။ ​နောင်​နှစ်​​ကို ​တောင်​ကြီးဘက်​မှာ ပြုလုပ်​သွားမယ်”​လို့ ပြောပါတယ်​။ ပြိုင်ပွဲဝင်တွေဟာ မန္တ​လေး စည်​ပင်​သာယာရုံး​ရှေ့က​နေ မနက်​ ၅ နာရီမှာ စတင်​တာထွက်​ပြီး ကျုံးတပတ်​ ပတ်​ကာ ကျုံးအ​ရှေ့ဘက်​ ၆၆ လမ်း ၁၉ လမ်းအ​ကျော်​မှာ အဆုံးသတ်မှာ ဖြစ်​ပါတယ်​။
Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024