Home
မြန်မာသတင်း
ဟားခါးမြို့တွင် လူနေအိမ်တိုက် ၁ လုံး မီးလောင်မှုဖြစ်ပွား
DVB
·
April 3, 2018
ချင်းပြည်နယ်၊ ဟားခါးမြို့၊ ဈေးသစ်ရပ်ကွက်၊ သီတာလမ်းသွယ် နေရာမှာ ဧပြီ ၂ ရက် မွန်းလွဲ ၂ နာရီလောက်က  လူနေအိမ် တိုက်တလုံး မီးလောင်မှု ဖြစ်ပွားခဲ့တယ်လို့ ခရိုင်ပြန်ဆက်ရုံးက သိရပါတယ်။ အိမ်ရှင် ဦးလိန်းနိုင်း ဆိုသူရဲ့ နေအိမ်အပေါ်ထပ်မှာ တယ်လီဖုန်း အားသွင်းရာကနေ အပူလွန်ကဲပြီး မီးစတင်လောင်ကျွမ်းခဲ့တာဖြစ်ပြီး မီးသတ်တပ်ဖွဲ့နဲ့ ရပ်ကွက်နေ ပြည်သူတွေက ဝိုင်းဝန်းငြှိမ်းသတ်ခဲ့ကြရာမှာ တခြားအိမ်တွေကို မီးကူးစက်ခြင်းမရှိဘဲ  မွန်းလွဲ ၂ နာရီ မိနစ် ၂၀ မှာ မီးငြိမ်းသွားခဲ့တယ်လို့ ဆိုပါတယ်။ ဆုံးရှုံးမှုတန်ဖိုး ကျပ် ၅၀၀၀၀၀ လောက်ရှိပြီး အဆိုပါမီးလောင်မှုနဲ့စပ်လျဉ်းပြီး အိမ်ရှင် ဦးလိန်းနိုင်းရဲ့ ဇနီးဒေါ်မန်သင်းကြည်ကို ဟားခါးမြို့မရဲစခန်းက ပြစ်မှုဆိုင်ရာပုဒ်မ (၂၈၅)နဲ့ အရေးယူထားပါတယ်။ ဓာတ်ပုံ- ဟားခါး ခရိုင်ပြန်/ဆက်
Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024