Live
Home
မြန်မာသတင်း
ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်နှင့် ကေအန်ယူခေါင်းဆောင်များတွေ့ဆုံဆွေးနွေးမည်
နော်နိုရင်း
·
March 29, 2018
ကရင်အမျိုးသားအစည်းအရုံး(ကေအန်ယူ) ဥက္ကဋ္ဌ ဗိုလ်ချုပ်ကြီးစောမူတူးစေးဖိုးနဲ့အဖွဲ့ဟာ တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်နဲ့ မနက်ဖြန် အလွတ်သဘော တွေ့ဆုံဆွေးနွေးဖို့ရှိတယ်လို့ ကေအန်ယူဗဟိုကော်မတီဝင် ပဒိုမန်းငြိမ်းမောင်က ဒီဗွီဘီကို ပြောပါတယ်။ တွေ့ဆုံရာမှာ လတ်တလော စစ်ရေးတင်းမာနေတဲ့ ဖာပွန်ခရိုင်ဖြစ်စဉ်အပြင် တခြားငြိမ်းချမ်းရေးကိစ္စတွေနဲ့ပတ်သက်ပြီးဆွေးနွေးဖို့ရှိနေတယ်လို့ သိရပါတယ်။ “ဆွေးနွေးမှုဆိုတာကတော့ နှစ်ဖက်အခြေအနေပေါ့နော်။ ဖြစ်ပျက်ခဲ့တဲ့ကိစ္စတွေအပေါ် နှစ်ဖက်အမြင် ညှိနှိုင်းဆွေးနွေးဖို့ပါပဲ အဓိကက။ ဒါကိုပြန်လည်ပြီးတော့ အကုန်လုံး ပြေပြေ လည်လည်ဖြစ်ဖို့ အစီအစဉ်ပါပဲ။ ”လို့ ပဒိုမန်းငြိမ်းမောင်က ပြောပါတယ်။ ကရင်ပြည်နယ် ဖာပွန်ခရိုင်မှာဖြစ်ပွားနေတဲ့ တပ်မတော်နဲ့ ကေအန်ယူအကြား စစ်ရေးတင်းမာမှုတွေနဲ့ ပတ်သက်ပြီး ကျောက်ကြီးမြို့မှာ ဒီကနေ့ နှစ်​ဖက်​တပ်​​တွေ့ဆုံညှိနှိုင်းမယ့် အစီအစဉ်ကတော့ ပျက်သွားခဲ့ရပါတယ်။

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024