အင်္ဂလန်ယူ-၂၁ နောက်ခံလူ အလက်ဇန္ဒားအာနိုးကို လက်ရွေးစင်အသင်းနှင့် လေ့ကျင့်ရန် ခေါ်ယူ

အင်္ဂလန်နည်းပြ ဆောက်ဂိတ်ဟာ ယူ-၂၁ နောက်ခံလူ အလက်ဇန္ဒားအာနိုးကို လက်ရွေးစင်အသင်းနဲ့ ပူးပေါင်းလေ့ကျင့်ဖို့ ခေါ်ယူခဲ့ပါတယ်။ အင်္ဂလန်အသင်းဟာ လာမယ့် နိုင်ငံတကာခြေစမ်းပွဲ ရက်သတ္တပတ်မှာ နယ်သာလန်၊ အီတလီအသင်းတွေနဲ့ ခြေစမ်းကစားမှာဖြစ်ပြီး စိန့်ဂျော့စ်ပါ့ခ်ကွင်းမှာ လေ့ကျင့်မှုတွေ ပြုလုပ်နေပါတယ်။ အင်္ဂလန်ယူ-၂၁ အသင်းဟာလည်း အဲဒီအနီးအနားမှာပဲ လေ့ကျင့်မှုတွေ ပြုလုပ်နေတာဖြစ်ပြီး အာနိုးကို လက်ရွေးစင်အသင်းနဲ့ လာရောက်လေ့ကျင့်ဖို့အတွက် ခေါ်ယူခဲ့တာလို့ ဆိုပါတယ်။ အင်္ဂလန်အသင်းမှာ ဘယ်နောက်ခံလူ ဘာထရန် ဒဏ်ရာကြောင့် နုတ်ထွက်သွားတဲ့အတွက် အာနိုးကို ခေါ်ယူလေ့ကျင့်တာဖြစ်တယ်လို့ ဆိုပါတယ်။ အလက်ဇန္ဒားအာနိုးအနေနဲ့ လက်ရွေးစင်အသင်းနဲ့ ပူးပေါင်းလေ့ကျင့်နေပေမယ့် အသင်းလူစာရင်းမှာတော့ ပါဝင်မှာမဟုတ်ဘဲ ယူ-၂၁ အသင်းဆီ ပြန်လည်စေလွှတ်မယ်လို့ ဆိုပါတယ်။ အင်္ဂလန်လက်ရွေးစင်အသင်းမှာ ဟယ်ရီကိန်း၊ ဂယ်ရီကာဟေးလ် စတဲ့ ကစာသမားတွေ မပါဝင်ပေမယ့် တခြား အဓိက ကစားသမားတွေအားလုံး ကြံ့ခိုင်မှုအပြည့်နဲ့ လေ့ကျင့်နေကြပါတယ်။

Independent media are under attack by the Myanmar junta. DVB continues reporting the facts, but needs support for the safety of our journalists. You help with any donation. Thank you.

Donate
More News
Up