Home
မြန်မာသတင်း
နော်ဝေနိုင်ငံသားခံယူထားသူတဦး ဟိုတယ်ခန်းတွင်း သေဆုံးမှု နှလုံးရောဂါကြောင့်ဟု ရဲပြော
DVB
·
March 12, 2018
  ရန်ကုန်တိုင်းဒေသကြီး ကျောက်တံတားမြို့နယ်အတွင်းက ဟိုတယ်ခန်းအတွင်း သေဆုံးသွားတဲ့ နော်ဝေနိုင်ငံသားခံယူထားသူ မောင်ကျော်ကျော်လတ်ဟာ နှလုံးရောဂါ ဖောက်ပြီး သေဆုံးသွားတာဖြစ်တယ်လို့ ကျောက်တံတားမြို့နယ်ရဲစခန်းက သိရပါတယ်။ ကျောက်တံတားမြို့နယ်က တာဝန်ကျရဲအရာရှိတစ်ဦးက “သေဆုံးတာကတော့ ဓမ္မတာ အတိုင်း သေဆုံးသွားတာပါ။ သူ့မှာအစကထဲက နှလုံးရောဂါရှိတော့ နှလုံးရောဂါနဲ့ပဲ သေဆုံး သွားတာပါ”လို့ ပြောပါတယ်။ မနေ့က မတ်လ ၁၀ ရက်နေ့ နေ့လယ် ၁ နာရီခန့်က ကျောက်တံတားမြို့နယ် ၁ ရပ်ကွက်ရှိ မေရှမ်းဟိုတယ် ၃ လွှာမှာ အခန်း ၃၀၅ မှာ နော်ဝေနိုင်ငံသားခံယူထားသူ ကိုမောင်ကျော်ကျော်လတ် ၄၁ နှစ်က ကုတင်ဘေးကြမ်းပြင်မှာ ပါးစပ်ကသွေးအနည်းငယ်ထွက်ပြီး ပြင်ပဒဏ်ရာမရှိဘဲ သေဆုံးနေတာဖြစ်ပါတယ်။ နေ့လယ် ၁ နာရီခွဲမှာ ရန်ကုန်ပြည်သူ့ဆေးရုံကြီးကို ပို့ဆောင်ပေးခဲ့ပြီး ကျောက်တံတားမြို့မ ရဲစခန်းက သေမှုသေချင်းအမှတ်စဉ် ၂/၂၀၁၈ နဲ့အမှုဖွင့်စစ်ဆေးနေတယ်လို့ သိရပါတယ်။
Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024