အီတလီနိုင်ငံတွင် ရွေးကောက်ပွဲ စတင်ကျင်းပ

Italian Prime Minister Paolo Gentiloni casts his vote at a polling station in Rome, Italy March 4, 2018. REUTERS/Remo Casilli
အီတလီနိုင်ငံမှာ ရွေးကောက်ပွဲကို မတ်လ ၄ ရက်နေ့က စတင်ကျင်းပခဲ့ပြီး မဲဆန္ဒရှင်တွေ လာရောက်မဲထည့်ခဲ့ကြပါတယ်။ အခု ရွေးကောက်ပွဲကို ပြီးခဲ့တဲ့ အောက်တိုဘာမှာ ပါလီမန်က သဘောတူခဲ့တဲ့ ရွေးကောက်ပွဲဥပဒေအသစ်အတိုင်း  ကျင်းပခဲ့တာပါ။ အဲဒီဥပဒေအရ အထက် အောက် လွှတ်တော် နှစ်ရပ်စလုံးက အမတ် ၃၆ ရာခိုင်နှုန်းကို မဲအများစုရ အနိုင်ရစနစ်နဲ့ ရွေးကောက်တင်မြှောက်မှာဖြစ်ပြီး ကျန်ရာခိုင်နှုန်းကိုတော့ အချိုးကျ ကိုယ်စားပြုစနစ်နဲ့ ရွေးချယ်မှာ ဖြစ်ပါတယ်။ “ရှုပ်ယှက်ခတ်နေတာပါပဲ။ အားလုံးကို ရှုပ်ထွေးအောင် လုပ်ပစ်တယ်။ ဘယ်သူမှ နိုင်မှာ  မဟုတ်ဘူး။  ၅၀ ရာခိုင်နှုန်း မဲရလည်း အစိုးရဖွဲ့လို့ မရဘူး။ ဒါ သဘာဝကျလား။ ခုတော့ နောက်တကြိမ် ထပ်မဲထည့်ရဦးမယ်။ နောက်တကြိမ် ဆိုရင်တော့ ကျုပ်သွားမထည့်တော့ဘူး” လို့ လီယိုနာဒို ဆိုသူ မဲဆန္ဒရှင်တဦးက ပြောခဲ့ပါတယ်။ “ပြည်သူတွေကို ပိုအလေးအနက်ထားတဲ့ အစိုးရ တက်ဖို့ မျှော်လင့်ပါတယ်” လို့ မဲဆန္ဒရှင်တဦးဖြစ်တဲ့ ဖရန်ကိုက ပြောပါတယ်။ အီတလီနိုင်ငံမှာ ဆန္ဒမဲပေးခွင့်ရှိသူ ၅၀ ဒသမ ၇ သန်းရှိပြီး မဲရုံတွေကို ည ၁၁ နာရီအထိ ဖွင့်ထားမှာ ဖြစ်ပါတယ်။ ဒေသမီဒီယာတွေက မဲရလဒ်တွေကို ချက်ချင်းကြေညာမှာ ဖြစ်ပေမယ့် မဲရလဒ်တွေ အပြည့်အစုံ သိရဖို့ကတော့ နာရီနဲ့ချီ ကြာမြင့်နိုင်ပါတယ်။

Independent media are under attack by the Myanmar junta. DVB continues reporting the facts, but needs support for the safety of our journalists. You help with any donation. Thank you.

Donate
More News
Up