Home
မြန်မာသတင်း
အင်းတော်မြို့နယ်တွင် သိန်း ၃၀၀ ခန့်တန်ဖိုးရှိ စိတ်ကြွဆေးများ ဖမ်းမိ
DVB
·
February 24, 2018
အင်းတော်မြို့နယ်မှာ ငွေကျပ် သိန်း ၃၀၀ လောက် တန်ဖိုးရှိတဲ့ စိတ်ကြွရူးသွပ်ဆေးပြားတွေ ဖမ်းဆီးမိခဲ့ပါတယ်။ စစ်ကိုင်းတိုင်းဒေသကြီး၊ အင်းတော်မြို့နယ်၊ ရွှေဘို-မြစ်ကြီးနားကားလမ်း နဘားလမ်းဆုံမှာ ဖေဖော်ဝါရီ ၂၃ ရက်နေ့ ညနေပိုင်းအချိန်က ဖမ်းဆီးရမိခဲ့တာလို့ မူးယစ်တပ်ဖွဲ့စု ၆ ကသာမှ ဒုရဲမှူး မြင့်နိုင်ဦးက ဒီဗွီဘီကို ပြောပါတယ်။ မူးယစ်တပ်ဖွဲ့စု ၆ ကသာမှ ရဲအုပ်ကျော်စိုးလင်း ဦးဆောင်တဲ့ တပ်ဖွဲ့ဝင်တွေဟာ သက်သေတွေနဲ့အတူ မူးယစ်ဆေးဝါးသတင်းအရ စောင့်ဆိုင်းနေစဉ် FZ အနက်​​ရောင်​ ဆိုင်​ကယ်​စီးလာသူတဦးကို စစ်ဆေးရာမှ ဆိုင်ကယ် ဘက္ထရီ လေစစ်နဲ့ အနောက်မီးခွက်အတွင်းမှ 88/1 စာတန်းပါ စိတ်ကြွဆေးပြားတွေကို တွေ့ရှိခဲ့တာပါ။ စိတ်​ကြွရူးသွပ်​​ဆေးပြား ၁၉၅ ပါ ၁ ထုပ်​၊ ၂၀၀ ပြားပါ ၂၉ ထုပ်၊ စုစုပေါင်း ၅၉၉၅ ပြား၊ ကာလတန်​ဖိုး ငွေကျပ် သိန်း ၃၀၀ တန်ဖိုးလောက် ဖမ်းဆီးရမိခဲ့တယ်လို့ ဆိုပါတယ်။ မူးယစ်ဆေးဝါးတွေ သယ်ဆောင်လာတဲ့ အောင်ကိုထွန်း ၃၂ နှစ် မိုးကောင်းမြို့နယ်နေသူကို မူးယစ်ဆေးဝါးနဲ့ စိတ်ကိုပြောင်းလဲစေတတ်သော ဥပဒေပုဒ်မနဲ့ အမှုဖွင့်အရေးယူထားတယ်လို့ ကသာခရိုင် မူးယစ်တပ်ဖွဲ့စုမှူးရုံးမှ သိရပါတယ်။ သီဟဆွေ - ကသာ
Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024