ဥရောပလိဂ်များ ရာသီးသိမ်းရန် နီးလာသည်အထိ ရှုံးပွဲမရှိသေးသည့် အသင်းများ

ဥ​ရောပလိဂ်​​တွေဟာ ရာသီသိမ်းချိန် ​နီးကပ်​လာခဲ့​ပေမယ့် လက်​ရှိအချိန်​ထိ ရှုံးပွဲလုံးဝမရှိ​သေးတဲ့ အသင်း​တွေ ရှိ​နေပါတယ်​။ အဲ့အသင်း​တွေထဲမှာ စပိန်​လာလီဂါထိပ်​သီး ဘာစီလိုနာအသင်းက ထိပ်​ဆုံးကပါဝင်​​နေပြီး​တော့ ၁၈ ပွဲနိုင်၊​ ၄ ပွဲသ​ရေ နဲ့ ရှုံးပွဲလုံးဝမရှိ​သေးပါဘူး။ ဒုတိယ​နေရာက အက်​သလက်​တီကိုမက်​ဒရစ်​အသင်းကို ၉မှတ်​ဖြတ်​ထားနိုင်​ပါတယ်​။ ပေါ်တူဂီကလပ်​​ ပေါ်တိုအသင်းဟာလည်း ရှုံးပွဲလုံးဝမရှိ​သေးဘဲ ၁၆ ပွဲနိုင်​ပြီး ၄ ပွဲပဲ သ​ရေကျထားပါတယ်​။ေ​နာက်​ထပ်​တစ်​သင်းက​တော့ ချက်​ကလပ်​ ဗစ်​တိုးရီးယား ပလယ်​ဇန်​အသင်းဖြစ်​ပြီး ၁၅ ပွဲနိုင်၊​ ၁ ပွဲသ​ရေ ကျထားပါတယ်​။ ဒုတိယ​နေရာက ဆလာဗီးယားပရက်​ဂ်​အသင်းကို ၁၅ မှတ်​ထိဖြတ်​ပြီး အ​မှတ်​​ပေးဇယားကို ဦး​ဆောင်​ထားနိုင်​ပါတယ်​။ ​ခရို​အေးရှားကလပ်​ ဒိုင်​နမိုဇာဂရက်​ပ်​ အသင်းဟာလည်း ၁၅ ပွဲနိုင်၊​ ၅ ပွဲသ​ရေ ရှုံးပွဲမရှိ​သေးပဲ အမှတ်​​ပေးဇယားကို ဦး​ဆောင်​ထားပါတယ်​။ ဂျီဘ​ရော့တာကလပ်​ လင်​ကွန်းရက်​အင့်​ပ်​စ်​ အသင်းဟာလည်း ၁၀ ပွဲအနိုင်​ရထားပြီး​တော့ ဥ​ရောပရဲ့ ရှုံးပွဲ လုံးဝမရှိ​သေးတဲ့ အသင်းတစ်​သင်းဖြစ်​​နေပါတယ်​။

Independent media are under attack by the Myanmar junta. DVB continues reporting the facts, but needs support for the safety of our journalists. You help with any donation. Thank you.

Donate
More News
Up