Home
မြန်မာသတင်း
အငြိမ်းစားဝန်ထမ်းများအတွက် တန်ဖိုးနည်းအိမ်ရာ ယခုလအတွင်း ရောင်းချပေးမည်
သူဇာလင်း
·
February 9, 2018
ရန်ကုန်တိုင်းဒေသအတွင်းက အငြိမ်းစားယူသွားတဲ့ ဝန်ထမ်းတွေ အိမ်ရာပိုင်ဆိုင်ဖို့ ရည်ရွယ်ပြီး တန်ဖိုးနည်းအိမ်ရာတွေကို အခုနှစ် ဖေဖော်ဝါရီလထဲမှာ ရောင်းချပေးသွားမယ်လို့ စီမံကိန်းနှင့်ဘဏ္ဍာရေးဝန်ကြီး ဦးမြင့်သောင်းက ပြောပါတယ်။ ဆောက်လုပ်ရေးဝန်ကြီးဌာန မြို့ရွာဖွံ့ဖြိုးရေးဘဏ်တို့ ပူးပေါင်းပြီး တန်းဖိုးနည်း အိမ်ရာတွေကို ၁၅ ရာခိုင်နှုန်း ပေးသွင်းပြီး စနစ်နဲ့ ရောင်းချသွားမယ်လို့ ဆိုပါတယ်။ ဇန်နဝါရီ ၉ ရက် ရန်ကုန်တိုင်းလွှတ်တော်မှာ မင်္ဂလာတောင်ညွန့်မြို့နယ် မဲဆန္ဒအမှတ်-၁ လွှတ်တော်ကိုယ်စားလှယ် ဦးလှဌေးက ရန်ကုန်တိုင်းဒေသကြီးထဲမှာရှိတဲ့ အငြိမ်းစားယူသွားတဲ့ ဝန်ထမ်းတွေ အခက်အခဲမရှိစေဖို့ ရန်ကုန်တိုင်းဒေသကြီးအစိုးရက စီစဉ်ဆောင်ရွက်ပေးရန် အစီအစဉ်ရှိ၊ မရှိ မေးခွန်းကို တိုင်းဒေသကြီး အစိုးရအဖွဲ့ကနေ ပြန်လည် ဖြေကြားခဲ့တာပါ။
Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024