ဟယ်ရီကိန်း ပရီးမီးယားလိဂ် သွင်းဂိုး ၁၀၀ ပြည့်မြောက်

စပါးတိုက်စစ်မှူး ဟယ်ရီကိန်းဟာ လီဗာပူးနဲ့ပွဲမှာ တဂိုးသွင်းယူနိုင်ခဲ့တာကြောင့် ပရီးမီးယားလိဂ်ဂိုး ၁၀၀ ပြည့်မြောက်သွားပါတယ်။ ဟယ်ရီကိန်းအနေနဲ့ ပရီးမီးယားလိဂ်ပွဲပေါင်း ၁၄၁ ပွဲမှာ သွင်းဂိုး ၁၀၀ ပြည့်ခဲ့တာကြောင့် အင်္ဂလန်တိုက်စစ်မှူးဟောင်း အလန်ရှီးယားပြီးနောက် ဂိုး ၁၀၀ ကို အမြန်ဆုံးသွင်းနိုင်တဲ့ ဒုတိယမြောက်ကစားသမား ဖြစ်လာပါတယ်။ အင်္ဂလန်နဲ့ နယူးကာဆယ်တိုက်စစ်မှူးဟောင်း အလန်ရှီးယားဟာ ပရီးမီးယားလိဂ်ဂိုး ၁၀၀ ကို ၁၂၄ ပွဲ ကစားအပြီးမှာ သွင်းယူပြီး စံချိန်တင်ထားတာပါ။ ဂိုး ၁၀၀ ကို အမြန်ဆုံးသွင်းယူနိုင်တဲ့ ကစားသမားတွေထဲမှာ မန်စီးတီးတိုက်စစ်မှူး အဂွေရိုက အဆင့် ၃၊ အာဆင်နယ်တိုက်စစ်မှူးဟောင်း အွန်နရီက အဆင့် ၄ တွေမှာ အသီးသီးရပ်တည်နေပါတယ်။ ဟယ်ရီကိန်းအနေနဲ့ ပရီးမီးယားလိဂ်ဂိုး ၁၀၀ ပြည့်မြောက်တဲ့ အထိမ်းအမှတ်အနေနဲ့ အထူးဂျာစီတထည်နဲ့ ဖိနပ်တရံလည်း ရခဲ့ပါတယ်။

Independent media are under attack by the Myanmar junta. DVB continues reporting the facts, but needs support for the safety of our journalists. You help with any donation. Thank you.

Donate
More News
Up