မသန်စွမ်းသူများ အခွင့်အရေး နည်းဥပဒေတွင် ကျန်နေသည့်အချက်များ ပါဝင်ရေး ဆွေးနွေး

မကြာခင် ထွက်ရှိတော့မယ့် မသန်စွမ်းသူများ အခွင့်အရေး နည်းဥပဒေမှာ ကျန်ရှိတဲ့ အချက်တွေ ပါဝင်ရေးအတွက် လွှတ်တော်မှာ အမြန်ဆုံးသွားရောက်ပြီး စည်းရုံးလှုံ့ဆော်သွားမယ်လို့  မြန်မာနိုင်ငံ မသန်စွမ်းအဖွဲ့ချုပ်က ပြောပါတယ်။ မသန်စွမ်း နည်းဥပဒေမှာ ကျန်ရှိတဲ့အချက်တွေ ပါဝင်ရေးအတွက် မသန်စွမ်းတွေ စုစည်းပြီး ဖေဖော်ဝါရီ ၅ ရက်က ရန်ကုန်မြို့ရှိ Hotel 99 မှာဆွေးနွေးနေကြပါတယ်။ ဆွေးနွေးပွဲကနေ ရရှိတဲ့ အချက်တွေကို နေပြည်တော်ရှိ လွှတ်တော်မှာ သွားရောက် ဆွေးနွေးမယ့် မသန်စွမ်း ကိုယ်စားပြု ကိုယ်စားလှယ် ရွေးချယ်ပြီး အမြန်ဆုံး သွားဆောင်ရွက်မယ်လို့ မသန်စွမ်းအဖွဲ့တွေက ပြောပါတယ်။ မသန်စွမ်းသူများ အခွင့်အရေး နည်းဥပဒေကို ၂၀၁၅ ခုနှစ်က ပြဋ္ဌာန်းခဲ့ပြီး နည်းဥပဒေ ထွက်ရှိဖို့ ကျန်ရှိနေတာပါ။

Independent media are under attack by the Myanmar junta. DVB continues reporting the facts, but needs support for the safety of our journalists. You help with any donation. Thank you.

Donate
More News
Up