Live
Home
မြန်မာသတင်း
ပုဂ္ဂလိကဘဏ်​​များ၌ ပြည်သူ့အပ်​နှံ​ငွေစုစု​ပေါင်း ကျပ်ငွေ ဘီလီယံ ၂၇၀၀၀ ခန့်ရှိ
အောင်ဆန်းဦး
·
January 31, 2018
  ပုဂ္ဂလိကဘဏ်​​တွေမှာ ပင်​စင်​လခစားဝန်​ထမ်း​တွေနဲ့ စီးပွား​ရေးလုပ်​ငန်း​တွေနဲ့ ပတ်​သက်​မှုနည်းတဲ့အ​ခြေခံနဲ့ ​အလယ်​လတ်​တန်းစားတို့ရဲ့ အပ်​နှံ​ငွေ ဘီလီယံ ၂၂၀၀၀ ရှိတယ်​လို့ မြန်​မာနိုင်​ငံဗဟိုဘဏ်​ဒုတိယ ဥက္ကဋ္ဌ ဦးစိုးမင်း ​တရားဝင်​ထုတ်​​ဖော်​​ပြောဆို လိုက်​ပါတယ်​။ “ပုဂ္ဂလိက ဘဏ်​​တွေမှာ အပ်​နှံထား​ငွေကိုကြည့်​မယ်​ဆိုရင်​ အပ်​နှံ​ငွေစုစု​ပေါင်း ၂၇၀၀၀မှာ saving and fxed Deposit ဟာ ၂၂၀၀၀ ရှိသဖြင့်​ အပ်​နှံ​ငွေအားလုံးရဲ့ ၈၀ ရာခိုင်​နှုန်းရှိတာ ​တွေ့ရပါတယ်​။ အဆိုပါ စု​ဆောင်း​ငွေ​တွေဟာ အ​ခြေခံနဲ့ အလယ်​လက်​လူတန်းစားများနဲ့ ပင်​စင်​လစာကို မှီခို​ကြရတဲ့ ပင်​စင်​စား​တွေ စီးပွား​ရေးလုပ်​ငန်း​တွေနဲ့ များစွာ ဆက်​စပ်​မှုမရှိတဲ့ ပြည်​သူ​တွေရဲ့ အပ်​နှံ​ငွေ​တွေဖြစ်​တယ်။” လက်​ရှိအချိန်​မှာ​တော့ မြန်​မာနိုင်​ငံ​တော်​ ဗဟိုဘဏ်​အ​နေနဲ့ အပ်​​ငွေအတိုးနှုန်းကို ၈ ရာခိုင်​နှုန်းထက်​ နည်းပါးခြင်းမရှိ​စေရလို့ ထုတ်​ပြန်​ထားပါတယ်​။ ဘဏ်​တိုးနှုန်း ​လျော့ချ​ပေးဖို့ ကိုယ်​စားလှယ်​တစ်​ဦးက တင်​ပြ​ဆွေး​နွေးထား​ပေမယ့် ပင်​စင်​လစာစားဝန်​ထန်းနဲ့ ​အောက်​​ခြေ ပြည်​သူ​တွေ မထိခိုက်​​စေဖို့ အတိုး​နှုန်း ပြင်​ဆင်​​ပေးဖို့ မရှိဘူးလို့လည်း မြန်​မာနိုင်​ငံ​တော်​ ​ဗဟိုဘဏ်​ ဒုဥက္ကဋ္ဌက ​ပြောပါတယ်​။

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024