အထည်ချုပ်ကျွမ်းကျင်လုပ်သားရှားပါးမှု ဖြေရှင်းနိုင်ရန် အထည်ချုပ်သင်တန်းဖွင့်လှစ်
ပြည့်ဘုန်းအောင်
·
January 30, 2018
ပြည်တွင်းအထည်ချုပ်လုပ်ငန်းတွေမှာ အများဆုံးရင်ဆိုင်နေရတဲ့ ကျွမ်းကျင်လုပ်သား ရှားပါးမှုပြဿနာကို ဖြေရှင်းနိုင်ဖို့ သင်တန်းကြေးအခမဲ့ အထည်ချုပ်သင်တန်းတစ်ခုကို လှိုင်သာယာစက်မှုဇုန်အတွင်းက ဘိုဂတ်အထည်ချုပ်ကျွမ်းကျင်မှု သင်တန်းကျောင်းမှာ ဖွင့်လှစ် သင်ကြားပေးနေပါတယ်။
တိုင်းနဲ့ ပြည်နယ်အသီးသီးက အထည်ချုပ်လုပ်ငန်းဝါသနာပါပြီး အသက်မွေးဝမ်းကြောင်းလိုတဲ့ လူငယ်တွေကို ဦးစားပေးသင်ကြားပေးနေပြီး ၂ နှစ်စီမံကိန်းနဲ့ လူဦးရေ ၃၀၀၀ လောက်ကို သင်ကြားပေးမှာပါ။
သင်တန်းကာလမှာ ၆ ပတ်ကြာမြင့်မှာဖြစ်ပြီး တစ်ပတ်ကို ၅ ရက်သင်ကြားရမှာပါ။ သင်တန်းတက်နေတဲ့ကာလအတွင်းမှာ တစ်ရက်ကိုလုပ်အားခ ၁၈၀၀ ကျပ် ပြန်လည်ရရှိမှာ ဖြစ်တယ်လို့ သိရပါတယ်။