မူဆယ်တွင် ပါးစပ်ကို တိပ်ဖြင့်ပတ်ထားသည့် အမျိုးသားအလောင်း တွေ့ရှိ

မူဆယ်မြို့နယ်မှာ ပါးစပ်ကို အ၀ါရောင်တိပ်နဲ့ပတ်ထားပြီး သေဆုံးနေတဲ့ အမည်မသိ အမျိုးသားအလောင်း ၁ လောင်း တွေ့ရှိခဲ့တယ်လို့ ပြည်ထဲရေးက သတင်းထုတ်ပြန်ပါတယ်။ ဇန်နဝါရီ ၂၆ ရက်နေ့ မွန်းတည့် ၁၂ နာရီက မူဆယ်မြို့နယ်၊ မိုင်းယုကျေးရွာနေ အိုက်ဝင်းဆိုသူ တောင်ယာစိုက်ခင်း သွားရောက်စဉ် မူဆယ်-လားရှိုး ပြည်ထောင်စု လမ်းကြီးဘေးရှိ ထင်းရူးတောအတွင်းမှာ အသက် ၃၅ နှစ်အရွယ် အမျိုးသား ၁ ဦးရဲ့ အလောင်းကို တွေ့ရှိခဲ့တာပါ။ အလောင်းမှာ ဝဲမျက်လုံးဖူးရောင်ညိုမည်းဒဏ်ရာ၊ ဦးခေါင်းမှာ ပတ်တီးစည်းထားပြီး ၂ လက်မအရွယ် ပေါက်ပြဲဒဏ်ရာ၊ ပါးစပ်မှာ အဝါရောင်တိပ်နဲ့ ပိတ်လျက်သေဆုံးနေတာကို တွေ့ရှိကြောင်း အကြောင်းကြားလို့ မူဆယ်မြို့မရဲခစန်း တပ်ဖွဲ့ဝင်တွေက သွားရောက်စစ်ဆေးခဲ့တယ်လို့ ဆိုပါတယ်။ အလောင်းကို မူဆယ်ဆေးရုံ ပို့ဆောင်ခဲ့ပြီး ပြစ်မှုကျူးလွန်သူအား ဖမ်းဆီးမိရေး မူဆယ်မြို့မရဲခစန်း ရာဇသတ်ကြီးပုဒ်မ ၃၀၂/၂၀၁ (လူသတ်မှု/ အလောင်းဖျောက်ဖျက်မှု) နဲ့ အမှုဖွင့် စုံစမ်းနေကြောင်း သိရပါတယ်။

Independent media are under attack by the Myanmar junta. DVB continues reporting the facts, but needs support for the safety of our journalists. You help with any donation. Thank you.

Donate
More News
Up