ကိုလံဘီယာတွင် ဆောက်လက်စ တံတားတစင်း ပြိုကျ၊ အနည်းဆုံး ၉ ဦး သေဆုံး

ကိုလံဘီယာ အလယ်ပိုင်းမှာ ဇန်နဝါရီ ၁၆ ရက်နေ့က ဆောက်လက်စ တံတားတစင်း ပြိုကျခဲ့ပါလို့ ဆောက်လုပ်ရေးလုပ်သား အနည်းဆုံး ၉ ဦးသေဆုံးပြီး ၅ ဦး ဒဏ်ရာရခဲ့တယ်လို့ သဘာဝဘေးအန္တရာယ်ကာကွယ်ရေး အေဂျင်စီက ပြောပါတယ်။ မီတာနဲ့ ကွန်ဒီနက်မကာ ပြည်နယ်ကြား ချီရာခါရာမြို့မှာ တည်ရှိတဲ့ အဲဒီတံတားဟာ မြို့တော် ဘိုဂိုတာနဲ့ ဗဲလ်ဗစ်ဆန်စီယိုမြို့ကို ဆက်သွယ်ထားတဲ့ အဝေးပြေးလမ်းပိုင်းတခုပါ။ ပြိုကျရတဲ့ အကြောင်းရင်းကို စုံစမ်းစစ်ဆေးနေဆဲလို့ မီတာပြည်နယ် သဘာဝဘေးအန္တရာယ် ကာကွယ်ရေးအေဂျင်စီ အကြီးအကဲတဦးက ရိုက်တာသတင်းဌာနကို ပြောပါတယ်။ ကိုလံဘီယာ သယ်ယူပို့ဆောင်ရေးဝန်ကြီး ဂျာမင် ကာဒိုနာဟာ တံတားပြိုကျတဲ့ နေရာကို လေယာဉ်ပေါ်က ကြည့်ရှုခဲ့ပါတယ်။ အဲဒီနောက် အမျိုးသား အခြေခံအဆောက်အဦ အေဂျင်စီရဲ့ အကြီးအကဲနဲ့အတူ ကယ်ဆယ်ရေးဝန်ထမ်းတွေကို မြေပြင်မှာ သွားရောက်တွေ့ဆုံခဲ့တယ်လို့ သိရပါတယ်။

Independent media are under attack by the Myanmar junta. DVB continues reporting the facts, but needs support for the safety of our journalists. You help with any donation. Thank you.

Donate
More News
Up