Home
မြန်မာသတင်း
ရခိုင်​ ၈ မြို့နယ်​တွင်​ ၂ ရက်ကြာ မီးပြတ်တောက်မည်
DVB
·
January 13, 2018
ရခိုင်​ပြည်​နယ်​ မြို့နယ် ​၈ မြို့နယ်​မှာ လျှစ်​စစ်​ဓာတ်​အားလိုင်း​ပြုပြင်​​နေလို့ လျှစ်​စစ်​ ဓာတ်​အားမီး ၂ ရက်​ကြာပျက်​​မယ်​လို့ ရခိုင်​ပြည်​နယ်​လျှစ်​စစ်​ဌာနက ပြောပါတယ်။ ရခိုင်ပြည်နယ်လျှပ်စစ်အင်ဂျင်နီယာမှူးကြီး  ကြီးဇေယျာက “ဒီက​နေ့မနက်​ ၆ နာရီက​နေ မီးစပျက်​ပါတယ်​။ စ​နေမနက် ​၆ နာရီက​နေ ည​နေ ၆ နာရီအထိတကြိမ်​၊ တနင်္ဂ​နွေမနက် ​၆ နာရီက​နေ ည​နေ ၆ နာရီအထိ တကြိမ်​ မီးပျက်​မှာ​ဖြစ်​ပါတယ်​။ ၂ ရက်​ကြာမီးပျက်​ပါမယ်​” လို့​ ပြောပါတယ်။ ၂ ရက်​ကြာ မီးပျက်​မယ့် မြို့နယ်​​တွေမှာ အမ်းမြို့နယ်အပါအဝင် စစ်​​တွေ၊ ပုဏ္ဏားကျွန်း၊ ​ကျောက်​​တော်​၊​ မြောက်​ဦး၊ မင်းပြား၊ ​မြေပုံ၊ ​ပေါက်​​တောမြို့နယ်​တို့ဖြစ်​တယ်​လို့ ​ပြောပါတယ်​။ ရခိုင်ပြည်နယ်မှာ ကျေးရွာပေါင်း ၃၇၆၂ ရွာရှိပြီး လက်ရှိ အချိန်ထိ ၁၆၈၉ ရွာ မီးရရှိပြီ ဖြစ်​ပါတယ်​။ ဒါ​ပေမယ့်​ လက်​ရှိအချိန်​မှာ​တော့ မီးမရရှိ​သေးတဲ့​ ကျေးရွာပေါင်း ၂၀၇၃ ရွာသာကျန်ရှိနေပြီး မီးရရှိ​ရေးအတွက် ​ဓာတ်​အား​ပေးစနစ်​ ပိုမို​ကောင်း​အောင်​​ ဆောင်​ရွက်​​နေတယ်လို့ ရခိုင်ပြည်နယ် လျှပ်စစ်အင်ဂျင်နီယာမှူးကြီးကြီးဇေယျာက ပြောပါတယ်​။
Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024