ဟုမ္မလင်းအနီး အင်အား ၄ ဒသမ ၃အဆင့်ရှိ မြေငလျင်လှုပ်
DVB
·
January 12, 2018
မြန်မာနိုင်ငံပြည်တွင်း ဟုမ္မလင်းမြို့ရဲ့ အရှေ့မြောက်ဘက် ၂၃ မိုင်လောက် အကွာကို ဗဟိုပြုပြီး အင်အားရစ်(ခ်)တာစကေး ၄ ဒသမ ၃ အဆင့်ရှိ အင်အားအနည်းငယ်ရှိ မြေငလျင်တစ်ခု လှုပ်ရှားသွားတယ်လို့ မိုးဇလက ထုတ်ပြန်ပါတယ်။
ဇန်န၀ါရီ ၁၂ ရက် မြန်မာစံတော်ချိန် ၁၃ နာရီ ၅၉ မိနစ် ၄၈ စက္ကန့်မှာ မန္တလေး မြေငလျင်စခန်းမှ အနောက်မြောက်ဘက် ၂၁၅ မိုင်လောက် ကွာဝေးတဲ့နေရာမှာ လှုပ်ခတ်သွားတာဖြစ်တယ်လို့ ဆိုပါတယ်။
ဓာတ်ပုံ-မိုးဇလ