Home
မြန်မာသတင်း
ဖားကန့်တွင် မြေပြိုသဖြင့် ရေမဆေးရှာသူ ၂ ဦး သေဆုံး၊ ကျန်သူများကို ဆက်လက်ရှာဖွေနေ
DVB
·
January 10, 2018
ကချင်ပြည်နယ် ဖားကန့်မြို့နယ်မှာ နမ့်မှော်ကျေးရွာအနီးက ဒီနေ့ မနက် ၁၀ နာရီလောက်က မြေစာပုံပြိုကျတဲ့အထဲ ရေမဆေးရှာဖွေသူ ၄ ဦးပါသွားရာ ၂ ဦးရဲ့ အလောင်းကို ရှာတွေ့ထားပြီး ကျန် ၂ ဦးကို ဆက်လက် ရှာဖွေနေပါတယ်။ ဆိုင်းအောင်ကျေးရွာအုပ်စု အုပ်ချုပ်ရေးရုံး တာဝန်ရှိသူတဦးက “ဘယ်လောက် ပါသွားတယ် ဆိုတာ အတိအကျတော့ ပြောလို့ မရဘူး။ နည်းတော့ နည်းမယ်။ ခါတိုင်း ကားသွန်တဲ့အချိန် ဆိုရင်တော့ များမှာပဲ။ အခုဟာက မြေစာ လာပုံတဲ့အချိန်မှာ ဖြစ်တာ။ ရှာနေကြတာတော့ အများကြီးပဲ။ လောလောဆယ် ၂ လောင်း ဖော်ယူရရှိထားပါတယ်” လို့ ပြောပါတယ်။ ပြီးခဲတဲ့ ဇန်နဝါရီ  ၄ ရက်ကလည်း  ဖားကန့်၊ ဘမော်ဝမ်းရပ်ကွက် မော်မောင်းဘွမ် မှော်ရွာအောက်ဘက်မှာရှိတဲ့ ဂျိတ်လင်းကုမ္ပဏီ လုပ်ကွက်မှာ စွန့်ပစ်မြေစာပြိုကျလို့ ရေမဆေး ကျောက်သမား ၆ ဦး သေဆုံးခဲ့ပါတယ်။ ဇန်နဝါရီ ၆ ရက်နေ့ကလည်း  ဆိပ်မူကျေးရွာအုပ်စု ဝေခါကျေးရွာ ကျောက်စိမ်းလုပ်ကွက်မှာ မြေပြိုမှုကြောင့် ရေမဆေးကျောက် တူးဖော်သူ ၁၃ ဦး သေဆုံးခဲ့ပါတယ်။
Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024