ဗြိတိန်တော်ဝင်မင်းသား ဝီလျံ၏ ချစ်စဖွယ်သမီးလေး ရှားလော့တ် မူကြိုစတက်

ဓာတ်ပုံ - အေအက်ဖ်ပီ
ဗြိတိန်တော်ဝင်မင်းသား ဝီလျံနဲ့ ဇနီးဖြစ်သူ ကိတ်တို့ရဲ့ သမီးလေး ရှားလော့တ်ဟာ အသက် ၂ နှစ်ကျော်ခဲ့ပြီဖြစ်ကာ ဇန်နဝါရီ ၈ ရက်နေ့မှာတော့ မူကြိုကျောင်း စတင်တက်ရောက်ခဲ့ပြီ ဖြစ်တယ်လို့ ရိုက်တာသတင်းမှာ ဖော်ပြပါတယ်။ ရှားလော့တ်ကို လန်ဒန်မြို့၊ ကင်စတန်နန်းတော်အနီးမှ ဝီလ်ကော့ခ်စ် ကိုယ်ပိုင်မူကြိုကျောင်းမှာ ထားခဲ့တာဖြစ်ပြီး ကျောင်းပထမဆုံးနေ့သွားဖို့ အသင့်ရှိနေတဲ့ ချစ်စဖွယ် အပြုံးနဲ့ ဓာတ်ပုံတွေကိုတော့ ကိုယ်ဝန်ဆောင် မိခင်ဖြစ်သူက ရိုက်ကူးပေးခဲ့တာ ဖြစ်ပါတယ်။ မူကြိုကျောင်းရဲ့ အင်တာနက်ဝက်ဘ်ဆိုက် စာမျက်နှာပေါ်မှာတော့ “မြင့်မားတဲ့ စံချိန်စံညွှန်း၊ ထူးချွန်ကောင်းမွန်တဲ့ အမူအကျင့်တွေကို ဆက်လက်ထိန်းသိမ်းထားနိုင်ဖို့ ကြိုးပမ်းပေးနေသော” လို့ ရည်ညွှန်း ဖော်ပြထားတာဖြစ်ပြီး အကောင်းဆုံးကျောင်းတကျောင်းထဲမှာ ပါဝင်တယ်လို့ ဆိုပါတယ်။ ကျောင်းလခအနေနဲ့ကတော့ မနက်ခင်းအတွက် ပေါင် ၃၀၅၀ သတ်မှတ်ထားပြီး ညနေပိုင်းကတော့ ပေါင် ၁၈၀၀ ကုန်ကျမှာဖြစ်တယ်လို့ ဆိုပါတယ်။ ရှားလော့တ်ဟာ အဘိုးဖြစ်သူ ချားလ်စ်မင်းသား၊ ဖခင်ဖြစ်သူနဲ့ အစ်ကိုဖြစ်သူ ဂျော့ခ်ျတို့ရဲ့နောက် ဗြိတိန်နန်းမွေကို ဆက်ခံရမယ့် လေးယောက်မြောက်နေရာမှာ ရှိနေတာပါ။ လာမယ့် ဧပြီလမှာတော့ သူ့ရဲ့မိဘတွေဟာ တတိယမြောက်ရင်သွေးလေးကို ထပ်မံမွေးဖွားဖို့ ရှိနေတာဖြစ်တယ်လို့ သတင်းမှာ ဖော်ပြပါတယ်။

Independent media are under attack by the Myanmar junta. DVB continues reporting the facts, but needs support for the safety of our journalists. You help with any donation. Thank you.

Donate
More News
Up