Home
မြန်မာသတင်း
ဝမ်းတွင်းတွင် ဆိုင်ကယ်အရှိန်လွန်၍ ကားကိုဝင်တိုက်၊ ၁ ဦးသေ
DVB
·
December 29, 2017
ဝမ်းတွင်းမြို့နယ် ရန်ကုန်- မန္တလေးလမ်းဟောင်း မိုင်တိုင် ၃၅၈/၀ မှာ ဒီဇင်ဘာ ၂၈ ရက် ညက ကင်တာကား နောက်ပိုင်းကို ဆိုင်ကယ်အရှိန်လွန် တိုက်မိပြီး အမျိုးသား ၁ ဦးသေဆုံးတယ် လို့ ဝမ်းတွင်းမြို့မရဲစခန်းက တာဝန်ကျရဲအရာရှိက ပြောပါတယ်။ ဖြစ်စဉ်မှာ ဝမ်းတွင်းမြို့ အမှတ်(၂)ရပ်ကွက်နေ ကိုဝင်းအောင် စီးလာတဲ့ဆိုင်ကယ် အရှိန်လွန်ပြီး လားရာတူမောင်းနေတဲ့ ကင်တာကားနောက်ပိုင်းကို တိုက်မိပြီး မန္တလေးဆေးရုံ ပို့ဆောင်စဉ် သေဆုံးသွားတယ် လို့ တာဝန်ကျရဲအရာရှိက ပြောပါတယ်။ ဝမ်းတွင်းမြို့မရဲစခန်းဒုရဲအုပ်အောင်ကိုကိုက “ကိုဝင်းအောင်မှာ ဦးခေါင်းယာဖက်ချိုစောင်း ပေါက်တယ်၊ နဖူးပေါက်တယ် သတိမေ့နေတယ် ဝမ်းတွင်းဆေးရုံကနေ မန္တလေးဆေးရုံကို ပြောင်းတုန်း လမ်းမှာပဲသေဆုံးသွားတယ်။ ကင်တားကားကိုတော့ စုံစမ်းနေတယ်"လို့ ပြောပါတယ်။ ဝမ်းတွင်းမြို့မရဲစခန်းက ကိုဝင်းအောင် ကို ယာဉ်မဆင်မခြင်မောင်းလို့ ပြင်းထန်ဒဏ်ရာရစေမှု ရာဇသတ်ကြီးပုဒ်မ-၃၃၈ မှ လူသေဆုံးမှုရာဇသတ်ကြီးပုဒ်မ-၃၀၄(က) ကို ပြောင်းပြီး အမှုဖွင့်ထားတယ်လို့ သိရပါတယ်။ သတင်း-မောင်မောင်လင်း(ဝမ်းတွင်း)
Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024