Home
မြန်မာသတင်း
မိကျောင်းကို သရဏဂုံတင် မီးသင်္ဂြိုဟ်ပေးခဲ့သည့် ကျွန်းစုမြို့က ကျေးရွာသားများ
DVB
·
December 29, 2017
တနင်္သာရီတိုင်းဒေသကြီး မြိတ်ခရိုင်၊ ကျွန်းစုမြို့နယ်၊ သော်တောင်ငယ်ရွာမှာ သေဆုံးခဲ့တဲ့ မိကျောင်းတကောင်ကို ရွာသူ/သားတွေက သရဏဂုံတင်မီးသင်္ဂြိုဟ်ခဲ့ကြတယ်လို့ သိရပါတယ်။ ဒေသခံတွေက ဒီဇင်ဘာ ၂၇ ရက်နေ့မှာ မိကျောင်းအား သင်္ဂြိုဟ်ဖို့ သံယာတော် တွေကို ပင့်ဖိတ်ကာ ဆောင်ရွက်ပေးခဲ့ပြီး ဘ၀ကူးကောင်းအောင် လုပ်ခဲ့ကြတာလို့ ဒေသခံတဦးက ပြောပါတယ်။ "ဒီဇင်ဘာ ၂၆ မှာ မိကျောင်းကို ရွာအနီးက ချောင်းထဲမှာ ဖမ်းမိခဲ့တယ်။ အဲဒီမတိုင်ခင် ၄ ရက်လောက်အလိုမှာ ရွာနားတစ်လျှောက်မှာ ကူးခတ်နေတာ တွေ့ရတယ်။ ဖမ်းမိတဲ့အချိန်မှာ ဒဏ်ရာတွေနဲ့ ပါးစပ်တောင် မဟနိုင်တဲ့အနေထားပါ။ ကျနော်တို့လည်း သေသွားမှာစိုးလို့ ရေကန်ကြီးထဲမှာ ထိန်းသိမ်းထားသေးတယ်။ ဒါပေမယ့် ၁ နာရီလောက်ပဲ ခံတယ်၊ မိကျောင်းက သေသွားတယ်" လို့ ဒေသခံဖြစ်သူ ဦးစိုးဝင်းက ပြောပါတယ်။ မြတ်ထွဋ် (မြိတ်)
Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024